တနင်္သာရီမြို့နယ်၌ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း (၁/၂၀၂၄) ဆင်းပွဲအခမ်းအနား ကျင်းပ
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ကြက်ခြေနီအသင်း(ခွဲ)နှင့် မြို့နယ်သူနာပြုတပ်ဖွဲ့တို့ ဦးစီး၍ အ.ထ.က-တနင်္သာရီကျောင်း ပညာရတနာခန်းမအတွင်း ဒီဇင်ဘာလ ၂၂ ရက်မှစ၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့် ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း (၁/၂၀၂၄) ဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်က ကျင်းပပြုလုပ်သည်။