တနင်္သာရီတိုင်းဒေသကြီး

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုတို့ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ဟောပြောခြင်း အခမ်းအနားသို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ပြည်ထောင်စုဖွားတိုင်းရင်းသားများ အချင်းချင်းပူးပေါင်းချစ်ကြည်ရင်းနှီးမှု ရရှိစေရန် ရည်ရွယ်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ ကရင်တိုင်းရင်းသားများက ဦးဆောင်ကျင်းပသော ကရင်သက္ကရာဇ် ၂၇၆၄ ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ဟောပြောပွဲ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီက ထားဝယ်မြိူ့၊ ရွှေဝယ်သီရိအားကစားကွင်း၌ ကျင်းပသည်။

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ထားဝယ်မြို့တွင် ကျင်းပသည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားသို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ပြည်ထောင်စုဖွားတိုင်းရင်းသားများအချင်းချင်း ပူးပေါင်းချစ်ကြည်ရင်းနှီးမှု ရရှိစေရန်ရည်ရွယ်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ ကရင်တိုင်းရင်းသားများ ဦးဆောင်ကျင်းပသော ကရင်သက္ကရာဇ် ၂၇၆၄ ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားကို ဒီဇင်ဘာ ၂၉ ရက်နေ့ ညနေ ၅ နာရီက ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားကွင်း၌ စည်းကာသိုက်မြိုက်စွာ ကျင်းပသည်။

ကော့သောင်းမြို့တွင် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်ရေးဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်

တနင်္သာရီတိုင်း​ဒေသကြီး၊​ ကော့သောင်းခရိုင်၊​ ကော့သောင်းမြို့တွင်  မီးဘေးလုံခြုံရေးဆိုင်ရာများ အသိပညာပေးဆောင်ရွက်ပေးလိုခြင်းအတွက် ခရိုင်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်ရေးဇာတ်တိုက်လေ့ကျင့်ခြင်းများ သရုပ်ပြဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ(၂၆)ရက်နေ့က မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)ရုံး၊ ဒီဇင်ဘာ (၂၇)ရက်နေ့က အိမ်တွင်းမှုသင်တန်းကျောင်းတို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး ဟောပြောပွဲနှင့်မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊  နံရံကပ် စာစောင်၊ ဓာတ်ပုံနှင့်စာအုပ်စာစောင်ပြပွဲများ၊ ကာယဉာဏပြိုင်ပွဲများကို ယမန်နေ့‌ နေ့လယ်ပိုင်းက ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြုလုပ်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး ဒီဇင်ဘာအားကစားလ  စုပေါင်းလမ်းလျှောက်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

ပြည်သူလူထုတစ်ရပ်လုံးကျန်းမာကြံ့ခိုင်ရေးအားကစားလေ့ကျင့်သည့် အလေ့အကျင့်ကောင်းများ ရှိလာစေရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး ကိုယ်လက်ကြံ့ခိုင်ရန်ပါဝင်ဆင်နွှဲရေးတို့အတွက် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော တိုင်းဒေသကြီးဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို ယမန်နေ့နံနက် ၆ နာရီက ထားဝယ်မြို့၊ ရွှေဝယ်သီရိ အားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။

ကော့သောင်းမြို့တွင် ဒီဇင်ဘာအားကစားလ  စုပေါင်းလူထုလမ်းလျှောက်ပွဲ(နောက်ဆုံးပတ်)  စည်ကားသိုက်မြိုက်စွာကျင်းပ

ပြည်သူလူထုတစ်ရပ်လုံးကျန်းမာကြံ့ခိုင်ရေးအားကစားလေ့ကျင့်သည့် အလေ့အကျင့်ကောင်းများ ရှိလာစေရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး ကိုယ်လက်ကြံ့ခိုင်ရန် ပါဝင်ဆင်နွှဲရေးတို့အတွက် ဒီဇင်ဘာအားကစားလ စုပေါင်းလူထုလမ်းလျှောက်ပွဲ(နောက်ဆုံးပတ်)ကို ယနေ့နံနက် ၅ နာရီခွဲခန့်က ကော့သောင်း မြို့တွင် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။

မြိတ်မြို့တွင် ဒီဇင်ဘာအားကစားလအထိမ်းအမှတ်  လူထုလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲများ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ဒီဇင်ဘာအားကစားလ အထိမ်းအမှတ် လူထုလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက မြို့မအားကစားကွင်းအတွင်း ကျင်းပခဲ့ရာ လူထုစုပေါင်း လမ်းလျှောက်ခဲ့ကြ၍ အကြောလျှော့လေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ကြပြီး  ကျောင်းသား/သူလူငယ်များမှ အားကစား ပြိုင်ပွဲများကို ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။

တနင်္သာရီမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းအဆင့်(၃)စီမံချက်ဖြင့် ရပ်ကွက်များအတွင်း နိုင်ငံသားစိစစ်ရေးကတ်နှင့် UID စမတ်ကတ်များ (အခမဲ့)ကွင်းဆင်းပြုလုပ်ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တနင်္သာရီမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းညွန့်နှင့်ဝန်ထမ်းများက ဒီဇင်ဘာလ၂၅ ရက်နေ့မှစ၍ ချောင်းငယ်ရပ်ကွက်-ချောင်းငယ်ဘုန်းတော်ကြီးကျောင်း-သုခချမ်းသာဓမ္မာရုံအတွင်း ပန်းခင်းအဆင့်(၃)စီမံချက်ဖြင့် ရပ်ကွက်များအတွင်းရှိ ဒေသခံမိဘပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID စမတ်ကတ်များကို (အခမဲ့)ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပပြုလုပ်နိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

၂၀၂၅ ခုနှစ်၊ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပပြုလုပ်နိုင်ရေး ဒုတိယအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားသို့တက်ရောက်

၂ဝ၂၄ ခုနှစ်၊ ပဉ္စမအကြိမ်မြောက်အမျိုးသားအားကစားပွဲတော်တွင် အောင်နိုင်ဆုများဆွတ်ခူးရရှိခဲ့သော တနင်္သာရီတိုင်းဒေသကြီးမှ အားကစားသမားများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ထားဝယ်မြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး