ကော့သောင်း ဒီဇင်ဘာ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် (Grade-5) နှင့် အခြေခံပညာအလယ်တန်းအဆင့် (Grade-9) သင်ကြားသင်ယူမှုထိရောက်ရေး အရည်အသွေးမြှင့် သင်တန်းဆွေးနွေးပွဲကို အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့ဒီဇင်ဘာလ (၂၃) ရက်နေ့တွင် စတင်ဆောင်ရွက်လျက်ရှိသည်။
ဆရာ၊ ဆရာမများအနေဖြင့် မိမိသင်ကြားသည့် ဘာသာရပ်အပေါ်တွင်ာ အမြဲတမ်းနိုးနိုးကြားကြား၊ တက်တက်ကြွကြွရှိပြီး အမြဲတမ်းလေ့လာမှုရှိစေရန်၊ နည်းပြဆရာ၊ ဆရာမများနှင့်အတူ ဝိုင်းဝန်းအကြံပြုဆွေးနွေးခြင်းဖြင့် အကြံဉာဏ်သစ်၊ နည်းစနစ်သစ်များရရှိပြီး သင်ကြားသင်ယူမှုထိရောက်စေပြီး သင်ကြားမှုလုပ်ငန်းများ အရည်အသွေးတိုးတက်မြင့်မားစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်သည်။
အဆိုပါ အခြေခံပညာမူလတန်းအဆင့် (Grade-5) နှင့် အခြေခံပညာအလယ်တန်းအဆင့် (Grade-9) သင်ကြားသင်ယူမှုထိရောက်ရေး အရည်အသွေးမြှင့် သင်တန်းဆွေးနွေးပွဲကို ဒီဇင်ဘာ (၂၃) ရက်မှ (၂၄) ရက်နေ့ထိ (၂) ရက်တာ ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ပြီး မူလတန်းအဆင့် (Grade-5) တွင် နည်းပြ (၁၄) ဦး သင်တန်းသားဆရာ၊ ဆရာမ (၂၀၂) ဦး၊ အလယ်တန်းအဆင့် (Grade-9) တွင် နည်းပြ(၁၂)ဦး၊ သင်တန်းသား ဆရာ၊ ဆရာမ (၁၄၆) ဦးတို့က ဘာသာရပ်အလိုက် သင်ကြားမှုထိရောက်စေရေး စာတွေ့လက်တွေ့များဖြင့် အပြန်အလှန် သင်ကြားဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန် /ဆက်)