ဘုတ်ပြင်း ဒီဇင်ဘာ ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး သပြေခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီက နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်လျက်ရှိသည့် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနား၊ သဝဏ်လွှာဖတ်ပွဲ အခမ်းအနားနှင့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများကို ကျင်းပဆောင်ရွက်သွားဖြစ်သည့်အတွက် တက်ရောက်လာကြသည့် အခမ်းအနား ကျင်းပရေး ကော်မတီများအနေဖြင့် သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအလိုက် ဝိုင်းဝန်းအကြံပြုဆွေး နွေးပေးစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသည့် အခမ်းအနားကျင်းပရေး ဦးစီးကော်မတီနှင့် ဆပ်ကော်မတီဝင်များက အခမ်းအနား ပြင်ဆင်ရေး၊ လုံခြုံရေး၊ ဖိတ်ကြားရေး၊ သတင်းမှတ်တမ်းရိုက်ကူးရေး၊ ပျော်ပွဲရွှင်ပွဲအားကစား ပြိုင်ပွဲကျင်းပရေးနှင့် ကြိုဆိုနေရာချထားရေး စသည့် လုပ်ငန်းများအား လုပ်ငန်းကော်မတီအလိုက် တင်ပြဆွေးနွေးကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)