ပုလောမြို့တွင် ၂၀၂၅ ခုနှစ်၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

ပုလော     ဒီဇင်ဘာလ   ၂၃

၂၀၂၅ ခုနှစ်၊ဇန်နဝါရီလ ၄ ရက်နေ့မှာ ကျရောက်မည့်  (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်အလံတင်အလေးပြု အခမ်းအနားကို ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီက ပုလောမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

လုပ်ငန်းညှိနှိုင်းဆွေးနွေးရာတွင် ပုလောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးက  ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင် အလေးပြုခြင်းအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ကျပန်းစကား ပြောပြိုင်ပွဲကို ကျင်းပပြုလုပ်နိုင်ရေးနှင့် ဆုချီးမြှင့်နိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ ၂၀၂၅ ခုနှစ်၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပနိုင်ရေး အခမ်းအနား ပြင်ဆင်ခြင်း၊ ဖိတ်ကြားရေး၊ ကြိုဆိုရေး၊ နေရာချထားရေးနှင့် သတင်း ထုတ်ပြန်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆုချီးမြှင့်ရေးစသည့် ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများက ညှိနှိုင်းဆွေးနွေးတင်ပြကြရာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အေးအေးမော်(ပုလော)