တနင်္သာရီတိုင်းဒေသကြီး

သရက်ချောင်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ ပြပွဲများနှင့် ပြိုင်ပွဲများကျင်းပ

ကျောင်းသား/သူများ ဗလငါးတန်းဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community center) ခန်းမ၌ ယမန်နေ့က စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ ပြပွဲများနှင့် ပြိုင်ပွဲများကျင်းပခဲ့ကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ အသက် ၁၈ နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲမှ ဆုရရှိသည့် အားကစားသမားများအား ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ၂၀၂၅ခုနှစ်၊  မြို့နယ်အဆင့် အသက် ၁၈ နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲများကို ဇန်နဝါရီ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ပေးခဲ့ရာ အဆိုပါပြိုင်ပွဲများမှ အားကစားနည်းများ ဆုရရှိသည့် အားကစားသမားများအား ယမန်နေ့ညနေပိုင်း၌ သရက်ချောင်းမြို့၊ (အ.ထ.က)သရက်ချောင်းကျောင်းဝင်းကွင်းပြင်၌ ဆုချီးမြှင့်‌ပေးခဲ့ကြောင်း သိရသည်။

မြိတ်ခရိုင်အတွင်းရှိ ရေထွက်ကုန်မွေးမြူ‌ရေးလုပ်သားများ လုပ်ငန်းခွင်ကျွမ်းကျင်စေရန် သင်တန်းများဖွင့်လှစ်ပြီး မွေးမြူရေးလုပ်ငန်းနှင့် အအေးခန်းစက်ရုံစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းရှိ ရေထွက်ကုန်မွေးမြူ‌ရေးလုပ်သားများ လုပ်ငန်းခွင်ကျွမ်းကျင်စေရန် သင်တန်းများကို ငါးလုပ်ငန်းဦးစီးဌာနမှ ယမန်နေ့က မြိတ်မြို့နှင့် ကျွန်းစုမြို့နယ်တို့တွင် ဖွင့်လှစ်ခဲ့ပြီး ရေထွက်ကုန်ပစ္စည်းများ အရည်အသွေးမြင့်မားရေးအတွက် မွေးမြူရေးလုပ်ငန်းများနှင့် အအေးခန်းစက်ရုံများကို ငါးလုပ်ငန်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးသက်နိုင် အင်္ဂလိပ်စာနှင့်သင်္ချာစွမ်းရည်ပြိုင်ပွဲ(ဗဟိုအဆင့်)တွင်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား နွေးထွေးပျူငှာစွာ ကြိုဆိုဂုဏ်ပြု

၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာအလယ်တန်းအဆင့် (အင်္ဂလိပ်စာနှင့်သင်္ချာ)စွမ်းရည်ပြိုင်ပွဲ(ဗဟိုအဆင့်)တွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများသည် ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ ထားဝယ်လေဆိပ်သို့ ပြန်လည်ရောက်ရှိရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးသက်နိုင်၊ ပညာရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ အခြေခံပညာကျောင်းပေါင်းစုံမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများက နွေးထွေးပျူငှာစွာ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

ကလိန်အောင်မြို့၌ မိုင်းအန္တရာယ်ဖြစ်နိုင်ခြေသိရှိသတိပြုခြင်းနှင့်ဘေးကင်းစွာပြုမူနေထိုင်ခြင်း အသိပညာပေးဟောပြောပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ရာဖူးကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီတို့ပူးပေါင်း၍ ကလိန်အောင်မြို့ ကြက်ခြေနီအသင်းခွဲမှ ကျောင်းသား၊ ကျောင်းသူများအား မိုင်းအန္တရာယ်ဖြစ်နိုင်ခြေသိရှိ သတိပြုခြင်းနှင့် ဘေးကင်းစွာပြုမှုနေထိုင်ခြင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပကြောင်း သိရသည်။

တနင်္သာရီမြို့နယ် အ.မ.ကတပ်ဦးကျောင်း၌ ပညာရေးစုံညီပွဲတော်နှင့်ဘက်စုံပညာထူးချွန်ဆု ချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့၊ ချောင်းငယ်ရပ်ကွက် တပ်ဦးအခြေခံပညာမူလတန်းကျောင်းပညာရေးမိသားစုက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပညာရေးစုံညီပွဲတော်နှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်မှစ၍စည်ကားစွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြသခြင်း ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျောင်းသား၊ ကျောင်းသူ လူငယ်များအ‌နေဖြင့် စိတ်ဓာတ်ရေးရာတိုးတက်ကောင်းမွန်‌စေရန်၊ အသိပညာဗဟုသုတများတိုးပွားစေရန်၊ အကျင့်စာရိတ္တ ကောင်းမွန်စေရေး၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်နှင့် ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝစေရန် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူသော ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကာ ယမန်နေ့မွန်းလွဲ (၁)နာရီက လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ‌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်၌ ကျန်းမာရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ ပူး‌‌ပေါင်း၍ ကျောင်းသား/ သူများအနေဖြင့် ကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတများတိုးပွားလာစေရန် ရည်ရွယ်၍ ကျန်းမာရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ ၁နာရီအချိန်က သရက်ချောင်းမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

သရက်ချောင်းမြို့နယ်အဆင့် ၂၀၂၅ ခုနှစ်၊ အသက် ၁၈ နှစ်အောက် ပြေးခုန်ပစ်အားကစားနည်းများအလိုက် လူရွေးပြိုင်ပွဲများနှင့် ဗိုလ်လုပွဲစဉ်များကျင်းပ

မြို့နယ်အတွင်းရှိ ကျောင်းသား/သူများအနေဖြင့် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် မျိုးဆက်သစ်ပြေးခုန်ပစ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ၂၀၂၅ ခုနှစ်၊  မြို့နယ်အဆင့် အသက် ၁၈ နှစ်အောက် ပြေးခုန်ပစ် လူရွေးပြိုင်ပွဲများနှင့် ဗိုလ်လုပွဲစဉ်များကို ယနေ့နံနက် ၈ နာရီခွဲအချိန်မှစ၍ သရက်ချောင်းမြို့၊ (အ-ထ-က) သရက်ချောင်းကျောင်းဝင်း ကွင်းပြင်၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။

ဘုတ်ပြင်းမြို့၌၊ စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့နှင့် စာဖတ်ပရိသတ်တို့ပူးပေါင်း၍ စဉ်းစာခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့နှင့် စာဖတ်ပရိသတ်တို့ပူးပေါင်း၍ ယနေ့နံနက် (၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ ဒေါက်တာ ဖေမြင့်ရေးသားသည့် “စဉ်းစားခြင်း”  စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ကြသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး