ဘုတ်ပြင်း ဇန်နဝါရီ ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့နှင့် စာဖတ်ပရိသတ်တို့ပူးပေါင်း၍ ယနေ့နံနက် (၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ ဒေါက်တာ ဖေမြင့်ရေးသားသည့် “စဉ်းစားခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ကြသည်။
စာဖတ်ဝိုင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူသိန်းက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ Book Club အဖွဲ့ဝင် ဒေါ်နန္ဒာသီရိနွေးက “အကျပ်အတည်းကြားမှ စဉ်းစားကြံဆတတ်သူများ”ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးပြီး စာဖတ်ပရိသတ် မောင်စွမ်းဇာနည်ထွန်းက “ကိုလံဘတ်နှင့်ကြက်ဥ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာဖတ်ပရိသတ် မောင်ကောင်းမြတ်ဇော်က “မီးသတ်သမား၏ လျှပ်တပြက်ဉာဏ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာဖတ်ပရိသတ် မောင်ပိုင်စိုးနိုင်က “အသက်ဘေးမှ လွတ်မြောက်အောင်ရုန်းထွက်ခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာဖတ်ပရိသတ် မဂျူးဂျူးခိုင်က “မြည်းတိုင်ဉာဏ်နည်းသလား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာဖတ်ပရိသတ် မအိနိုနိုထွန်းက “ကြောင်ကို ငရုတ်ကောင်းဘယ်လိုကျွေးမလဲ” ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် Book Club အဖွဲ့ဝင်များနှင့် စာဖတ်ပရိသတ်များက ဆွေးနွေးသုံးသပ်မှုအပေါ် မိမိတို့၏အတွေး အမြင်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ဆွေးနွေးပွဲအပြီးတွင် တက်ရောက်လာကြသူများက စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ အသိပညာပေးနံရံကပ်စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)