သရက်ချောင်းမြို့နယ်အဆင့် ၂၀၂၅ ခုနှစ်၊ အသက် ၁၈ နှစ်အောက် ပြေးခုန်ပစ်အားကစားနည်းများအလိုက် လူရွေးပြိုင်ပွဲများနှင့် ဗိုလ်လုပွဲစဉ်များကျင်းပ

သရက်ချောင် ဇန်နဝါရီ ၁၇

မြို့နယ်အတွင်းရှိ ကျောင်းသား/သူများအနေဖြင့် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် မျိုးဆက်သစ်ပြေးခုန်ပစ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ၂၀၂၅ ခုနှစ်၊  မြို့နယ်အဆင့် အသက် ၁၈ နှစ်အောက် ပြေးခုန်ပစ် လူရွေးပြိုင်ပွဲများနှင့် ဗိုလ်လုပွဲစဉ်များကို ယနေ့နံနက် ၈ နာရီခွဲအချိန်မှစ၍ သရက်ချောင်းမြို့၊ (အ-ထ-က) သရက်ချောင်းကျောင်းဝင်း ကွင်းပြင်၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။

ရှေးဦးစွာ ပြေးခုန်ပစ်ပြိုင်ပွဲများယှဉ်ပြိုင်မည့် အားကစားသမားများအား သရက်ချောင်းမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဦးလင်းနိုင်ဦးက ပြေးခုန်ပစ် အားကစားနည်းများအလိုက် စည်းမျဉ်း၊ စည်းကမ်းများရှင်းလင်းပြောကြားပြီးနောက် အသက် ၁၈ နှစ်အောက် အမျိုးသား/အမျိုးသမီး မီတာ(၅၀)၊ အလျားခုန်၊ သံလုံးပစ်၊ အမြင့်ခုန်၊ သံပြားပစ်၊ သုံးဆင့်ခုန်ပြိုင်ပွဲများကို အားကစားသမားများက စနစ်တကျဝင်ရောက်ယှဉ်ပြိုင်ကြရာ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် အားကစားဝါသနာရှင်များက စည်ကားသိုက်မြိုက်စွာ ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)