တနင်္သာရီတိုင်းဒေသကြီး

ကော့သောင်းမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော် ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကို ‌ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့ မဉ္ဇူသကခန်းမတွင် ကျင်းပရာ အဆိုပါအခမ်းအနားသို့ စစ်ဗျူဟာအခြေချအဖွဲ့ ကော့သောင်းမှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကိုလတ်၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကော့သောင်းမြို့နယ်အတွင်းမှ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများမှ ဆရာ၊ဆရာမများနှင့် ထူးချွန်ကျောင်းသား၊ကျောင်းသူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။

ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အင်ဂျင်နီယာချုပ် (တနင်္သာရီတိုင်းဒေသကြီးတာဝန်ခံ) ကျွန်းစုမြို့နယ်ရုံး ဝန်ထမ်းများအားတွေ့ဆုံ၍ တည်ဆောက်ရေးလုပ်ငန်း ကြည့်ရှုစစ်ဆေး

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ အင်ဂျင်နီယာချုပ် (တနင်္သာရီတိုင်းဒေသကြီးတာဝန်ခံ)၊ မြိတ်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူ များသည် ယမန်နေ့က ကျွန်းစုမြို့နယ် ရုံးဝန်ထမ်းများအား တွေ့ဆုံခဲ့ပြီး မြို့နယ်ရုံးတည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ကျွန်းစုမြို့နယ်အတွင်းရှိ ‌ဒေသခံပြည်သူများအား တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့က အခမဲ့ ဆေးကုသပေးလျက်ရှိ

တနင်္သာရီတိုင်း‌ဒေသကြီး၊ ကျွန်းစုမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့သည် ယနေ့ နံနက်ပိုင်းမှ စတင်၍ မြို့နယ်ကျွန်းရတနာခန်းမ၌ အခမဲ့ကျန်းမာရေး စစ်ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။

ကျွန်းစုမြို့တွင် အခြေခံပညာကျောင်းပေါင်းစုံ  အမျိုးသား၊ အမျိုးသမီး ဂိုးလတ်ဘောလုံးပြိုင်ပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် TSDP အစီအစဉ်အရ ကျင်းပပြုလုပ်သည့် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား၊အမျိုးသမီး ဂိုးလတ်ဘောလုံးပြိုင်ပွဲကို ယနေ့ နံနက် (၉)နာရီ အချိန်က မြို့မအားကစား‌ဘောလုံးကွင်း၌ ဖွင့်လှစ်ကျင်းပခဲ့ကြောင်း သိရသည်။

ပလောက်မြို့၌ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်း ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်းကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀) နာရီအချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ သွားရောက်ငှားရမ်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကရသူရိမြို့၌ (တတိယအကြိမ်မြောက်) ကျောင်းသား/သူများ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်သည့် အလေ့အကျင့်ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ စာဖတ်အားနည်းသည့် ကျောင်းသား/သူများအား စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာပေဝါသနာရှင်ကလေးများဖြစ်စေရေး(တတိယအကြိမ်မြောက်) စာဖတ်သည့် အလေ့အကျင့်ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျွန်းစုမြို့၌ မူလတန်းအထက်ဆင့် ရုပ်ပုံကြည့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်၊ ပညာတန်ဆောင်စာပေပြိုင်ပွဲ၊ မူလတန်းအထက်ဆင့်ရုပ်ပုံကြည့် စာစီစာကုံးပြိုင်ပွဲကို ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ အချိန်က အခြေခံပညာဦးစီးဌာန၊ မြို့နယ်ပညာရေးမှူးရုံး၌ ကျင်းပခဲ့သည်။

ကျွန်းစုမြို့နယ်အတွင်းရှိ ‌ဒေသခံပြည်သူများအား  တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့က အခမဲ့ ဆေးကုသပေးမည်

တနင်္သာရီတိုင်း‌ဒေသကြီး၊ ကျွန်းစုမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား အခမဲ့ဆေးကုသပေးရန်အတွက် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့သည် ဇန်နဝါရီလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက ကမ်းကြီးကျေးရွာရှိ တနင်္သာရီရေတပ်စခန်းဌာနချုပ်၊ အမှတ် (၁၀) ရေတပ်ဆိပ်ခံတံတားသို့ ပင်လယ်သွားဆေးရုံသင်္ဘော (သံလွင်) ဖြင့် ရောက်ရှိခဲ့သည်။

မြိတ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် အခမ်းအနားမှူးသင်တန်းဆင်းပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ ဖွင့်လှစ်လျက်ရှိသော အခမ်းအနားမှူးသင်တန်းကို ယမန်နေ့က သင်တန်းဆင်းခဲ့ကြောင်း သိရသည်။

ကျေးရွာနေပြည်သူများအတွက် ကျေးရွာချင်းဆက်ကတ္တရာလမ်းခင်းဆောင်ရွက်နေမှုအား ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အင်ဂျင်နီယာချုပ်ကြည့်ရှုစစ်ဆေး

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ အင်ဂျင်နီယာချုပ် ဦးဇော်မိုးဦးနှင့် ညွှန်ကြားရေးမှူး(မြို့ပြ) ဦးစိုးပြည်မှူး၊ လက်ထောက် ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဝင်းထက်ဦးနှင့်တာဝန်ရှိသူများသည် မြိတ်မြို့နယ် ကျေးလက်နေပြည်သူများအတွက် ကျေးရွာချင်းဆက် ကတ္တရာလမ်းခင်းဆောင်ရွက်နေမှုအား ဇန်နဝါရီ (၁၆)ရက်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး