ကရသူရိမြို့၌ (တတိယအကြိမ်မြောက်) ကျောင်းသား/သူများ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်သည့် အလေ့အကျင့်ဆောင်ရွက်

ကရသူရိ ဇန်နဝါရီ ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ စာဖတ်အားနည်းသည့် ကျောင်းသား/သူများအား စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာပေဝါသနာရှင်ကလေးများဖြစ်စေရေး(တတိယအကြိမ်မြောက်) စာဖတ်သည့် အလေ့အကျင့်ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက  စာဖတ်အားနည်းသည့် ကျောင်းသား/သူများအား စာဖတ်အားကောင်းမွန်လာစေရန်၊ စာအုပ်/ စာပေများနှင့် အမြဲမပြတ်ထိတွေ့နိုင်စေရန်၊ စတင်လေ့လာဖတ်ရှုရန်နည်းလမ်းများဖြင့် ၎င်းတို့ကြိုက်နှစ်သက်ရာ စာအုပ်/စာပေများကို (၁၅)မိနစ်ကြာ ဖတ်ရှုစေခဲ့ပြီး ကျောင်းသား/သူများ၊ အားလပ်သည့်အချိန်များတွင် မိမိစိတ်ဝင်စားရာ စာအုပ်စာပေများမှတစ်ဆင့် အသိပညာ/ အတတ်ပညာကြွယ်ဝသော စာအုပ်/စာပေများသို့ အဆင့်ဆင့်ပြောင်းလဲဖတ်ရှုခြင်းဖြင့် အသိဉာဏ်ပညာများ ကြွယ်ဝကာ စာအုပ်/စာပေချစ်မြတ်နိုးသူများဖြစ်‌စေရေး လေ့ကျင့်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)