မြိတ်မြို့တွင် မြေဩဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေးနှင့် အပင်ပိုးမွှား ကာကွယ်သည့် ဥပဒေ၊ နည်းဥပဒေဆိုင်ရာ အသိပညာပေးဆောင်ရွက်
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် စိုက်ပျိုးရေးသုံးပစ္စည်းများ ရောင်းချလျက်ရှိသော အရောင်းဆိုင်များ၊ အရောင်းကိုယ်စားလှယ်များအား စိုက်ပျိုးရေးသုံးပစ္စည်းများဖြစ်သည့် မြေဩဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေးနှင့် အပင်ပိုးမွှား ကာကွယ်သည့် ဥပဒေ၊ နည်းဥပဒေဆိုင်ရာကို သိရှိလိုက်နာကြစေရန်အတွက် စိုက်ပျိုးရေးဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူးရုံးတွင် ယနေ့နံနက်ပိုင်းက အသိပညာပေး ဆွေးနွေးခဲ့ကြသည်။