ပုလောမြို့နယ်၌ ရွေ့လျားစာကြည့်တိုက် စနစ်ဖြင့် သုတ/ရသစာအုပ်စာစောင်များ အခမဲ့ငှားရမ်း ဆောင်ရွက်

ပုလော  ဖေဖော်ဝါရီ  ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဌာနဆိုင်ရာရုံးများသို့ သွားရောက်၍ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် သုတ/ရသစာအုပ်စာစောင်များ အခမဲ့ငှားရမ်းဆောင်ရွက်ပေးခြင်းကို ပုံမှန်ဆောင်ရွက်ပေးလျက်ရှိရာ ယမန် နေ့ နံနက် (၁၀)နာရီအချိန်က ဌာနဆိုင်ရာရုံးများသို့ သွားရောက်ဆောင်ရွက်ပေးခဲ့သည်။

စာပေကို ချစ်မြတ်နိုးသည့် စာဖတ်ဝါသနာပါသူများ၊ စာကြည့်တိုက်သို့ အကြောင်းအမျိုးမျိုးကြောင့် မလာရောက်နိုင်သည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ စာပေချစ်သူများကို စာပေလေ့လာ ဖတ်ရှုနိုင်စေရန်နှင့် အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန်ရည်ရွယ်၍ စာဖတ်ပရိသတ်လက်ဝယ်အရောက် ငှားရမ်းပေးခြင်းဖြစ်ကြောင်း သိရသည်။

အေးအေးမော်(ပုလော)