ကော့သောင်း ဖေဖော်ဝါရီ ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ကော့သောင်းမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့စီမံမှုဖြင့် ခရိုင်မီးသတ်ဦးစီးမှူး ဦးမျိုးသူရဝင်းဦးဆောင်၍ဝန်ထမ်းများနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများနှင့်ပူးပေါင်းကာ ယမန်နေ့နံနက်ပိုင်းက မြို့မစျေး၊ ဘုရင့်နောင်စျေး၊ လေဟာပြင်စျေးပတ်လည်ရှိ ရေငုတ်များ ရေရရှိရေးအတွက် Good Water ရေပေးဝေရေး ကုမ္ပဏီနှင့်ချိတ်ဆက်ဆောင်ရွက်ပြီး မြို့နယ်အတွင်းရှိစျေးများမီးဘေးအန္တရာယ် ကင်းဝေးစေရေး မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)