တနင်္သာရီ ဖေဖော်ဝါရီ ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် တနင်္သာရီမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ၏ လမ်းညွှန်မှုအရ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ခံဆရာဝန် ဒေါက်တာနွေးဟေမာသင်း၏ကြီးကြပ်မှုဖြင့် ဖေဖော်ဝါရီလ ၁၂ ရက် (ပြည်ထောင်စုနေ့)နံနက် ၈ နာရီမှ ၁၂ နာရီအထိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမအတွင်း၌ ရပ်ကွက်အတွင်းရှိ အသက် (၁၈)နှစ်နှင့်အထက် မိဘပြည်သူများအား ဂျာမနီနိုင်ငံ ထုတ် Pfizer ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို (Booster) ထပ်ဆောင်းထိုးနှံပေးကြသည်။
ထိုသို့ Pfizer ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး-၄ ဒေါ်နှင်းထက်စိုးနှင့်ဝန်ထမ်းများက ကာကွယ်ဆေးထိုးရန်လာသူများကို ကာကွယ်ဆေး ထိုးစဉ် ဓါတ်မတည့်မှု ရှိ/မရှိ၊ အမည်နှင့်ကိုယ်ရေးအချက်အလက်များကို မေးမြန်းစာရင်းရေးသွင်းပြီး မှ Pfizer ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ထပ်ဆောင်းထိုးနှံပေးကြသည်။
ထိုသို့ Pfizer ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးနေမှုကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခေါင်နှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေး၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မိဘပြည်သူများ ကိုဗစ်-၁၉ရောဂါမှ ကင်းဝေးနိုင်စေရေးရည်ရွယ်၍ Pfizer ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးဌာနတွင် နေ့စဉ်ထိုးနှံပေးလျက်ရှိကြောင်းနှင့် ဖေဖော်ဝါရီလ ၁၃ရက်နေ့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အ.ထ.က-တနင်္သာရီကျောင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီး သူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)