တနင်္သာရီတိုင်းဒေသကြီး

ရေဖြူ၌ ယခုနှစ်တွင် သီဟိုဠ်စေ့ စတင်ထွက်ရှိချိန်တစ်ပိဿာကို ငွေ ၈၅၀၀ ကျပ်အထိ ဈေးကောင်းရရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် သီဟိုဠ်စေ့ စတင်ထွက်ချိန်ရာသီတွင် မနှစ်ကပေါက်ဈေးထက် ဈေးကောင်းပိုရရှိကြောင်း  သီဟိုဠ်သီးပင်စိုက်ပျိုး တောင်သူများထံမှ သိရသည်။

ကျွန်းစုမြို့၌  မီးသတ်ဦးစီးဌာနက ရုံးအဆောက်အဦများ မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ဌာနဆိုင်ရာ အဆောက်အဦများ၏ မီးဘေးလုံခြုံရေးအတွက် မီးသတ်ဦးစီးဌာနက ယမန်နေ့မှ စတင်ကာ မီးဘေးကြိုတင်ကာကွယ်ရေးအနေဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကော့ကရိတ်မြို့၌ ကွမ်းသီးဖက်များညှပ်ခြင်းဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ် (၄) ရပ်ကွက်အတွင်း နေထိုင်သူဒေသခံများသည် တစ်နိုင်တစ်ပိုင်ဆေးလိပ်ခုံလုပ်ငန်းများ လုပ်ကိုင်နေထိုင်ကြသဖြင့် ဆေးလိပ်တွင် အသုံးပြုမည့် ကွမ်းသီးဖက်များကို ကုန်ကြမ်းမှကုန်ချောအဖြစ် ပြောင်းလဲရန်အတွက် ဆေးလိပ်တစ်လိပ် အတိုင်းတာ အရွယ်အစားပုံစံဖက်များ ညှပ်ယူနိုင်ရေး အခကြေးငွေဖြင့် ဖက်ညှပ်ခြင်းကို စားဝတ်နေရေးအတွက် လုပ်ကိုင်‌‌နေထိုင်လျက်ရှိကြောင်း သိရသည်။

ပုလောမြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် တစ်ဦးလျှင် ငွေကျပ် ၂ သောင်းစီ ပေးအပ်ခြင်း အခမ်းအနား ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ပြည်သူတစ်ဦးလျှင် ငွေကျပ် ၂ သောင်းစီကို ယမန်နေ့ နေ့လယ် ၂ နာရီက ပုလောမြို့နယ်ခန်းမ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထားဝယ်တက္ကသိုလ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးဟောပြောပွဲ အခမ်းအနား ကျင်းပ

၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ လူသုံးကုန်ပစ္စည်း မုန့်မျိုးစုံထုတ်လုပ်ခြင်းသင်တန်း ဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ ဝန်ထမ်းများအား အိမ်တွင်းမှုလုပ်ငန်းအဖြစ် တစ်ပိုင်တစ်နိုင်လုပ်ကိုင် အသုံးပြုတတ်စေရန်အတွက် လူသုံးကုန်ပစ္စည်း မုန့်မျိုးစုံထုတ်လုပ်ခြင်းသင်တန်းကို ယမန်နေ့နံနက်ပိုင်းက ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။

သရက်ချောင်းမြို့နယ်၌ ဌာနဆိုင်ရာရုံးများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စစ်‌ဆေးဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ မီးဘေးအန္တရာယ်ကြုံ‌တွေ့လာရပါက ထိရောက်ဆုံးနှင့် လွယ်ကူဆုံးတုံ့ပြန်ရှင်းလင်းနိုင်‌စေရန်နှင့် မီးဘေးအန္တရာယ် ကင်းရှင်းစေရန်ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့နံနက် ၉ နာရီခွဲအချိန်မှစတင်ကာ ဌာနဆိုင်ရာရုံးများသို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ စစ်‌ဆေးဆောင်ရွက်ခဲ့သည်။

ကော့သောင်းနယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန်များအား နေရပ်ဒေသအသီးသီးသို့ပြန်လည်ပို့ဆောင်

နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသား အမျိုးသား(၁၉၈)ဦး၊ အမျိုးသမီး(၂)ဦး၊ စုစုပေါင်း (၂၀၀)ဦးအား ယနေ့မွန်းလွဲပိုင်းက ထိုင်းနိုင်ငံရနောင်းမြို့မှတဆင့် မြန်မာနိုင်ငံ ကော့သောင်းမြို့မှ တာဝန်ရှိအဖွဲ့အစည်းများထံသို့ ရေလမ်းခရီးမှ လွှဲပြောင်းပေးအပ်ခဲ့ရာ ပြန်လည်ဝင်ရောက်လာသူများအား ကျန်းမာ‌ရေးစစ်ဆေးမှုများ အထူးကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တနင်္သာရီမြို့ ဇီဝဘိုးဘွားရိပ်သာကျောင်းတိုက်အတွင်း နေ့ညအသံမစဲ မဟာပဋ္ဌာန်းသိမ်းအောင်ပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့၏ ကျက်သရေဆောင် ဇီဝဘိုးဘွားရိပ်သာကျောင်းတိုက်၌ (၅) ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့သည့် နေ့/ ညအသံမစဲ ပဋ္ဌာန်းသိမ်းအောင်ပွဲ အထိမ်းအမှတ်အခမ်းအနားကို (၁၃၈၆ခုနှစ်၊ တပို့တွဲလပြည့်ကျော်၁၁ရက်) ဖေဖော် ဝါရီလ ၂၃ ရက် နံနက် ၉ နာရီခွဲက အေးငြိမ်းချမ်းသာ ဘုရားတောင်ပေါ်ရှိ ကံမြင့်ဘုရားကျောင်းဆောင်အတွင်း၌ ကျင်းပပြုလုပ်ရာ အခမ်း အနားသို့ ဘိုးဘွားရိပ်သာကျောင်းတိုက်၏ ဦးစီးပဓာနဆရာတော် ဘဒ္ဒန္တသုန္ဒရနှင့် ပင့်သံဃာ (၂၃) ပါး၊ မတည်အလှူရှင်များနှင့် ဝေယျာဝစ္စအလှူရှင်များ၊ ဆွေတော် မျိုးတော်များ တက်ရောက်ခဲ့ကြပါသည်။

ထားဝယ်မြို့၌ အခြေခံစက်ချုပ်သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် တိုင်းဒေသကြီးအလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် တိုင်းဒေသကြီးနည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရနည်းပညာအထက်တန်းကျောင်း(ထားဝယ်)တို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ထားဝယ်မြို့၊ အစိုးရနည်းပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး