ကော့ကရိတ် ဖေဖော်ဝါရီ ၂၅
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ် (၄) ရပ်ကွက်အတွင်း နေထိုင်သူဒေသခံများသည် တစ်နိုင်တစ်ပိုင်ဆေးလိပ်ခုံလုပ်ငန်းများ လုပ်ကိုင်နေထိုင်ကြသဖြင့် ဆေးလိပ်တွင် အသုံးပြုမည့် ကွမ်းသီးဖက်များကို ကုန်ကြမ်းမှကုန်ချောအဖြစ် ပြောင်းလဲရန်အတွက် ဆေးလိပ်တစ်လိပ် အတိုင်းတာ အရွယ်အစားပုံစံဖက်များ ညှပ်ယူနိုင်ရေး အခကြေးငွေဖြင့် ဖက်ညှပ်ခြင်းကို စားဝတ်နေရေးအတွက် လုပ်ကိုင်နေထိုင်လျက်ရှိကြောင်း သိရသည်။
ကွမ်းသီးဖက်များညှပ်ရာတွင် ဆေးလိပ်တစ်လိပ်စာအရွယ်ရွက်ရေ ၅၀၀ ရွက်ကို ညှပ်ခ ၁၀၀၀ ကျပ်ရရှိကြောင်း၊ တစ်နေ့လျှင် ဝင်ငွေ ၁၀၀၀၀/- ကျပ်အထိ ရရှိသည့်အတွက် အိုးမကွာအိမ်မကွာ အရင်းနှီးစိုက်ထုတ်စရာမလိုပဲ မိသားစုစားဝတ်နေရေးအတွက် အထောက်အကူဖြစ်ကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)