တနင်္သာရီတိုင်းဒေသကြီး

တနင်္သာရီမြို့ ဇီဝဘိုးဘွားရိပ်သာကျောင်းတိုက်အတွင်း နေ့ညအသံမစဲ မဟာပဋ္ဌာန်းသိမ်းအောင်ပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့၏ ကျက်သရေဆောင် ဇီဝဘိုးဘွားရိပ်သာကျောင်းတိုက်၌ (၅) ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့သည့် နေ့/ ညအသံမစဲ ပဋ္ဌာန်းသိမ်းအောင်ပွဲ အထိမ်းအမှတ်အခမ်းအနားကို (၁၃၈၆ခုနှစ်၊ တပို့တွဲလပြည့်ကျော်၁၁ရက်) ဖေဖော် ဝါရီလ ၂၃ ရက် နံနက် ၉ နာရီခွဲက အေးငြိမ်းချမ်းသာ ဘုရားတောင်ပေါ်ရှိ ကံမြင့်ဘုရားကျောင်းဆောင်အတွင်း၌ ကျင်းပပြုလုပ်ရာ အခမ်း အနားသို့ ဘိုးဘွားရိပ်သာကျောင်းတိုက်၏ ဦးစီးပဓာနဆရာတော် ဘဒ္ဒန္တသုန္ဒရနှင့် ပင့်သံဃာ (၂၃) ပါး၊ မတည်အလှူရှင်များနှင့် ဝေယျာဝစ္စအလှူရှင်များ၊ ဆွေတော် မျိုးတော်များ တက်ရောက်ခဲ့ကြပါသည်။

ထားဝယ်မြို့၌ အခြေခံစက်ချုပ်သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် တိုင်းဒေသကြီးအလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် တိုင်းဒေသကြီးနည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရနည်းပညာအထက်တန်းကျောင်း(ထားဝယ်)တို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ထားဝယ်မြို့၊ အစိုးရနည်းပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို  စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် တည်ဆောက်ရေးလုပ်ငန်းများအားကြည့်ရှုစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုသည် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူတာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် ထားဝယ်ဘိုးဘွားရိပ်သာဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးသည်။

ဘုတ်ပြင်းမြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး Talk Show ဆွေးနွေးပွဲ ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြိတ်မြို့တွင် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်(၁၀)နာရီက မြိတ်မူလတန်းကြိုကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရေဖြူမြို့နယ်တွင် ဓနိဖက်တံစိပ်လုပ်ကိုင်သူများ ယခင်နှစ်ကထက် ဝင်ငွေပိုရ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်သည် သဘာဝရာသီဥတု၊ ရေခံမြေခံကောင်းသဖြင့် ဝါးအများဆုံးပေါက်ရောက်ပြီး ဒေသထွက်ဝါးဖြင့် ဖက်တံစိပ်ကာ ရောင်းချကြသူများ ယခင်နှစ်ကထက် ဖက်တံဈေးပိုရကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို(၂၅) နှစ်မြောက် ထားဝယ်တက္ကသိုလ် တည်ထောင်ခြင်းနှစ်ပတ်လည် သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားသို့ တက်ရောက်

(၂၅) နှစ်မြောက် ထားဝယ်တက္ကသိုလ်တည်ထောင်ခြင်းနှစ်ပတ်လည် သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ ရှေးဦးစွာ ကျောင်းသား၊ကျောင်းသူများက ပညာရိပ်မြုံထားဝယ်တက္ကသိုလ်သီချင်း၊ ပန်းတိုင်းပွင့်ပါစေသီချင်းတို့ဖြင့် သီဆိုဖျော်ဖြေသည်။

သရက်ချောင်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ နိုင်ငံ့ဝန်ထမ်း ပင်စင်စား(အငြိမ်းစား)များအား ပင်စင်လစာ‌ငွေများ လစဉ်ပှံမှန်ထုတ်ပေးလျက်ရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ နိုင်ငံ့ဝန်ထမ်း ပင်စင်စား(အငြိမ်းစား)များအား ပင်စင်လစာငွေများကို ယနေ့နံနက် ၉ နာရီအချိန်မှစ၍ မြို့နယ်မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းများက စနစ်တကျထုတ်ပေးလျက်ရှိသည်။

သရက်ချောင်းမြို့ပေါ်ရှိ မီးဘေးစိုးရိမ်ရသော စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ မီးဘေးအန္တရာယ် ကြုံ‌တွေ့လာရပါက ထိရောက်ဆုံးနှင့် လွယ်ကူဆုံးတုံ့ပြန်ရှင်းလင်းနိုင်‌စေရန်နှင့် မီးဘေးအန္တရာယ် ကင်းရှင်းစေရန်ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့နံနက် ၉ နာရီက မီးဘေးစိုးရိမ်ရသော စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

သရက်ချောင်းမြို့နယ်၌ ကွမ်းသီးအခြမ်းခွဲရောင်းချရာမှ ယမန်နှစ်ထက်စျေးကောင်းရသဖြင့် ကွမ်းသီးလုပ်ကိုင်သည့် တောင်သူများဆင်ပြေလျက်ရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် အတွင်းရှိ ဥယျာဉ်ခြံလုပ်ကိုင်သူများသည် နှစ်ရှည်ပင်အဖြစ် ကွမ်းသီးပင်များ အဓိကစိုက်ပျိုးလျက်ရှိရာ ကွမ်းသီးအစ‌ပေါ်ချိန်တွင် ကွမ်းသီးအနုဈေးကောင်းရရှိ၍ တောင်သူများက ကွမ်းသီးအနု ရောင်းချမှုများသဖြင့် ယခုကွမ်းသီးအမှည့်ပေါများချိန်တွင် ယမန်နှစ်ထက် ကွမ်းသီးအမှည့် အထွက်နှုန်းနည်းသော်လည်း ကွမ်းသီးအခြမ်းခွဲရောင်းချရာမှ ယမန်နှစ်ထက် စျေးနှုန်းများ အဆမတန်မြင့်တက်၍ ဈေးကောင်းရရှိသဖြင့် မိသားစုစားဝတ်နေရေးအတွက် များစွာတစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိကြောင်းသိရသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး