တနင်္သာရီမြို့နယ်၌ Grade-5+Grade-9 ကျောင်းသူ၊ ကျောင်းသားများ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ နှစ်ဆုံးစာမေးပွဲ(ပထမ)နေ့ မြန်မာစာဘာသာ စတင်ဖြေဆို

တနင်္သာရီ  မတ် ၄

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း အခြေခံပညာကျောင်းများ၌ Grade-5+Grade-9  ကျောင်းသူ၊ ကျောင်းသားများက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ တိုင်း/ခရိုင်အဆင့် နှစ်ဆုံးစာမေးပွဲကို ယမန်နေ့ ၉ နာရီအချိန်က သက်ဆိုင်ရာအခြေခံပညာကျောင်းစာစစ်ဌာနများ၌ ပထမနေ့မြန်မာစာဘာသာကို အေးချမ်းစွာလာရောက် ဖြေဆိုခဲ့ကြသည်။

ယနေ့ နှစ်ဆုံးစာမေးပွဲ(ပထမနေ့)၌  Grade-5 ကျောင်းသူ၊ ကျောင်းသားဖြေဆိုရန် စာရင်းရှိ (၁၂၈၅) ဦးအနက် (၁၀၄၁) ဦး လာရောက်ဖြေဆိုသဖြင့် ဖြေဆိုမှုရာနှုန်းမှာ (၈၁.၀၁၁) ဖြစ်ပြီး၊ Grade-9 ကျောင်းသူ၊ ကျောင်းသားစာရင်းရှိ (၅၀၄) ဦးရှိရာ (၄၁၄)ဦး လာရောက်ဖြေဆိုခဲ့သဖြင့် ဖြေဆိုမှုရာနှုန်းမှာ (၈၂.၁၄၂) ဖြစ်ကြောင်း၊ Grade-5 နှင့် Grade-9 နှစ်ခုစလုံးမှ ကျောင်းသူ၊ ကျောင်းသားစာရင်းရှိ (၁၇၈၉) ဦးရှိပြီး (၁၄၅၅) ဦး အမှန်တကယ်လာရောက်ဖြဆိုခဲ့သဖြင့် (၈၁.၃၃၀)ရာနှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)