ကရသူရိမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ (Grade-9)နှင့်(Grade-5) နှစ်ဆုံး တိုင်း/ ခရိုင်စာမေးပွဲ စတင်ဖြေဆို

ကရသူရိ မတ် ၃

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ (Grade-9) နှင့် (Grade-5) နှစ်ဆုံး တိုင်း/ ခရိုင် စာမေးပွဲကို ယနေ့နံနက် ၉ နာရီမှစ၍ ကျောင်းသား/ သူများ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

(Grade-9) နှင့် (Grade-5) ကျောင်းသား/ သူများ၏ နှစ်ဆုံးစာမေးပွဲကို တစ်ရက် တစ်ဘာသာဖြင့် (၆) ဘာသာဖြေဆိုရမည့်ဖြစ်ပြီး ယနေ့တွင် မြန်မာစာ ဘာသာရပ်အား စတင်ဖြေဆိုလျက်ရှိရာ မတ်လ ၈ ရက်နေ့တွင် သိပ္ပံဘာသာရပ်ဖြင့် ဖြေဆိုပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ နှစ်ဆုံး တိုင်း/ခရိုင် စာမေးပွဲ အေးချမ်းသာယာအောင်မြင်ချောမွေ့စွာဖြေဆိုနိုင်ရန် ကျောင်းအုပ် ဆရာကြီးနှင့် ဆရာ/ ဆရာမများ၊ မြို့အဆင့် ဌာနဆိုင်ရာများနှင့် ကျောင်းသားမိဘများ ပူးပေါင်း၍ ကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။    

ကရသူရိ(ပြန်/ဆက်)