ကလိန်အောင် မတ် ၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ကလိန်အောင်မြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် (Grade- 5)နှင့် (Grade- 9)နှစ်ဆုံး စာမေးပွဲ မြန်မာစာဘာသာရပ်ကို ယမန်နေ့နံနက် ၉ နာရီမှစ၍ ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာ စာမေးပွဲဖြေဆိုလျက်ရှိကြောင်းသိရသည်။
အဆိုပါ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရန်အတွက် စာစစ်ဌာနကြီးကြပ်ရေးမှူးများနှင့် သက်ဆိုင်ရာကျောင်းများမှ တာဝန်ကျဆရာ/ဆရာမများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးကြကြောင်း သိရသည်။
ကလိန်အောင်မြို့တွင်အခြေခံပညာ ကျောင်းပေါင်း(၁၀)ကျောင်းရှိရာ ခရိုင်စစ်(Grade- 5) ကျောင်းသား၊ ကျောင်းသူနှစ်ဆုံးစာမေးပွဲများကို စာရင်းရှိ(၁၄၂)ဦး၊ ဖြေဆိုသူ(၁၂၆)ဦး၊ ပျက်ကွက်သူ (၁၆)ဦးနှင့် တိုင်းစစ်(Grade- 9) ကျောင်းသား၊ ကျောင်းသူ စာရင်းရှိ(၅၁)ဦး၊ဖြေဆိုသူ (၄၃) ဦး၊ ပျက်ကွက်သူ(၈)ဦးရှိပြီး စာစစ်ဌာန(၁)ခု ဖွင့်လှစ်၍ မတ်လ ၃ ရက်နေ့မှ မတ် ၈ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ် ကြောင်း ကလိန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးထံမှသိရသည်။
ခင်ခင်လဲ့(ကလိန်အောင်)