ဘုတ်ပြင်းမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ Grade-5 နှင့် Grade-9 နှစ်ဆုံးစာမေးပွဲ မြန်မာစာဘာသာ စတင်ဖြေဆို

ဘုတ်ပြင်း မတ် ၃

တနင်္သာရီဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် အခြေခံပညာကျောင်းများရှိ သက်ဆိုင်ရာစာစစ်ဌာနများ၌ ၂၀၂၄-၂၀၂၅ ပညာသင် နှစ်၊ အခြေခံပညာမူလတန်းအဆင့် Grade-5 (ခရိုင်စစ်)နှင့် အခြေခံပညာအလယ်တန်းအဆင့် Grade-9 (တိုင်းစစ်) နှစ်ဆုံးစာမေးပွဲကို ယနေ့နံနက်က ကျောင်းသား၊ ကျောင်းသူများ  မြန်မာစာဘာသာ အေးချမ်းစွာ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ဘုတ်ပြင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၌ Grade-9 စာမေးပွဲကို စာစစ်ဌာန(၁၃)ခုတွင် စာရင်းရှိကျောင်းသား၊ ကျောင်းသူ (၇၂၄) ဦး၊ ဖြေဆိုသူ (၆၉၄) ဦး၊ ပျက်ကွက် (၃၀) ဦးရှိပြီး၊ Grade-5 စာမေးပွဲကို စာစစ်ဌာန (၁၉) ခုတွင် စာရင်းရှိကျောင်းသား၊ ကျောင်းသူ (၁၄၀၆) ဦး၊ ဖြေဆိုသူ (၁၃၃၉) ဦး၊ ပျက်ကွက် (၆၇) ဦးရှိပြီး အေးချမ်းစွာဖြေဆိုလျက်ကြကြောင်း သိရသည်။

အဆိုပါစာမေးပွဲကို သက်ဆိုင်ရာစာစစ်ဌာနများတွင် ဖြေဆိုနေမှုအား ဘုတ်ပြင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးအောင်စိုးနှင့် တာဝန်ရှိသူများက အ.ထ.က-ဘုတ်ပြင်း စာစစ်ဌာနနှင့် မူလွန်-အောင်မင်္ဂလာ စာစစ်ဌာနတို့တွင် ကျောင်းသား၊ ကျောင်းသူ၏ စာပေးပွဲဖြေဆိုနေခြင်းကို ကြည့်ရှုအားပေးကြီးကြပ်ခဲ့ပြီး သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာများမှ တာဝန်ရှိသူများနှင့် ပူးပေါင်းအဖွဲ့များက စာမေးပွဲအေးချမ်းစွာ ဖြေဆိုနိုင်ရေး စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)