ပလောက်မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ (Grade-9)နှင့်(Grade-5) နှစ်ဆုံး တိုင်း/ခရိုင်စာမေးပွဲ စတင်ဖြေဆို

ပလောက် ဖေဖော်ဝါရီ ၄

တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်၊ ပလောက်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ (Grade-9) နှင့် (Grade-5) နှစ်ဆုံး တိုင်း/ ခရိုင် စာမေးပွဲကို ယမန်နေ့နံနက် ၉ နာရီမှစ၍ ကျောင်းသား၊ ကျောင်းသူများ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

(Grade-9) နှင့် (Grade-5) ကျောင်းသား၊ ကျောင်းသူများ၏ နှစ်ဆုံးစာမေးပွဲကို တစ်ရက် တစ်ဘာသာဖြင့် (၆) ဘာသာဖြေဆိုရမည့်ဖြစ်ပြီး ယမန်နေ့က မြန်မာစာ ဘာသာရပ်အား စတင်ဖြေဆိုလျက်ရှိရာ မတ်လ ၈ ရက်နေ့တွင် သိပ္ပံဘာသာရပ်ဖြင့် ဖြေဆိုပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ နှစ်ဆုံး တိုင်း/ခရိုင်စာမေးပွဲ အဆင်ပြေချောမွေ့စွာဖြေဆိုနိုင်ရန်အတွက် ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ မြို့အဆင့် ဌာနဆိုင်ရာများနှင့် ကျောင်းသားမိဘများပူးပေါင်း၍ ကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  

နှင်းမြူလွင်(ပလောက်)