သရက်ချောင်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ Grade-5နှင့် Grade-9 နှစ်ဆုံးစာမေးပွဲအား စတင်ဖြေဆို

သရက်ချောင်း မတ် ၃

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ပညာသင်နှစ်၊ Grade -5 နှင့် Grade -9 နှစ်ဆုံးစာမေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်မှ စတင်၍ စာစစ်ဌာန (၄) ခုတွင် ကျောင်းသား/ သူ ၇၅၁ ဦးဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိရာ မြန်မာစာဘာသာ ရပ်ကို အေးချမ်းပျော်ရွှင်စွာ ဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။

အဆိုပါနှစ်ဆုံးစာမေးပွဲစစ်ဆေးခြင်း Grade-5 ကို မြို့နယ်အတွင်း စာစစ်ဌာန ၃ ခု၌ ဖြေဆိုသူ ကျောင်းသား/ သူ ၅၈၇ ဦး၊ Grade -9 ကို စာစစ်ဌာန ၁ ခုတည်းဖြင့် ဖြေဆိုသူ ကျောင်းသား/ သူ ၁၆၄ ဦး ရှိကြောင်းသိရပြီး ကျောင်းသား/ သူများ အေးချမ်းပျော်ရွှင်စွာစာမေးပွဲဖြေဆိုနိုင်ရန် မြို့နယ်ပညာရေးမှူး ဒေါ်စန်းမွှေးနှင့် ဆရာ/ဆရာမများက လိုအပ်သည်များကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျောင်းသား/ သူများ၊ မိဘများကလည်း စာမေးပွဲဖြေဆိုနေစဉ်နှင့် ဖြေဆိုပြီးသည်အထိ လာရောက်စောင့်ကြိုနေကြပြီး ပံ့ပိုးကူညီလျက်ရှိကြောင်း သိရသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ Grade-5 နှင့် Grade-9 နှစ်ဆုံးစာမေးပွဲဖြေဆိုရန် လိုအပ်သည်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း အဆိုပါ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် Grade-5 နှစ်ဆုံးစာမေးပွဲကို မတ်လ ၃ ရက်နေ့မှ ၇ ရက်နေ့အထိ၊ Grade-9 နှစ်ဆုံးစာမေးပွဲကို မတ်လ ၃ ရက်နေ့မှ ၈ ရက်နေ့အထိ ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)