တနင်္သာရီတိုင်းဒေသကြီး

ကျွန်းစုမြို့၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၈/၂၀၂၄) သင်တန်းဆင်း စစ်သည်များအား သောင်းသောင်းဖျဖျ ကြိုဆို

တနင်္သာရီတိုင်း‌ဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၈/၂၀၂၄)သင်တန်းဆင်း စစ်သည်များအား မတ်လ ၈ ရက်နေ့ ညနေပိုင်းက ကျွန်းစုမြို့၊ တနင်္သာရီရေတပ်စခန်းဌာနချုပ်၊ အမှတ်(၁၀)ရေတပ်ဆိပ်ခံတံတား၌ သောင်းသောင်းဖျဖျ ကြိုဆိုနှုတ်ဆက်ခဲ့သည်။

မြိတ်မြို့နယ် အင်္ဂမော်ကျေးရွာအုပ်စု ကန်သာယာ-တောင်ကြီးလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ် အင်္ဂမော်ကျေးရွာအုပ်စု ကန်သာယာရွာနှင့် တောင်ကြီးရွာကို ဆက်သွယ်ထားသည့်လမ်းကို  ဒေသခံပြည်သူများ သွားလာမှု လွယ်ကူချောမွေ့စေရေးအတွက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကိုကြည့်ရှုအားပေး

မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ကမ္ဘာ့ကသိရှိစေရန် UNESCO ၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်သို့ အမည်စာရင်းတင်သွင်းနိုင်ရေးအတွက် သနပ်ခါးနှင့်ပတ်သက်၍ အများပြည်သူ၏ သဘောထားစစ်တမ်းကောက်ခံခြင်းကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ဆောင်ရွက်ခဲ့သည်။

ရေဖြူမြို့၌ အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဖွင့်လှစ်

ထားဝယ်ခရိုင်၊ ရေဖြူမြို့တွင် နွေရာသီကျောင်းပိတ်ရက်ကာလ၌ ကျောင်းသား ကျောင်းသူများအား ယဉ်ကျေးလိမ္မာသောလူငယ်‌များ ဖြစ်လာစေရေးအတွက် ရေဖြူမြို့၊ ဓမ္မမာမကကျောင်းမှ အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကို (ခ)ရပ်ကွက်ရှိ သာသနာ့လင်္ကာရဓမ္မာရုံ၌ ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။

ရေဖြူ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ (Grade-9) နှင့် (Grade-5) နှစ်ဆုံး တိုင်း/ ခရိုင်စစ်စာမေးပွဲ သမိုင်းနှင့်လူမှုရေးဘာသာရပ်ဖြေဆိုပြီးစီး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ (Grade-5)နှင့် (Grade-9) နှစ်ဆုံး တိုင်း/ ခရိုင်စစ်စာမေးပွဲကို ယမန်နေ့နံနက် ၉ နာရီမှစ၍ ကျောင်းသား/သူများက သမိုင်းနှင့်လူမှုရေးဘာသာရပ် ဖြေဆိုပြီးစီးကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးရေးနှင့် သတ်မှတ်စံချိန်စံညွှန်းပြည့်မီစေရေး တတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးရေးနှင့် သတ်မှတ်စံချိန်စံညွှန်း ပြည့်မီစေရေး တတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်ရန် သဘောတူစာချုပ်နှင့်သက်တမ်းတိုးသဘောတူစာချုပ်အား လက်မှတ်ရေးထိုးခြင်းအခမ်းအနားသို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဖိုးသီးချိုလျှပ်စစ်ဝန်ဆောင်မှုကုမ္ပဏီလီမိတက်တို့အကြား ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ ပဲဒက်ကျေးရွာ ဓာတ်အားခွဲရုံမှ ပတ်ဝန်းကျင်ကျေးရွာများသို့ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ဆောင် ရွက်ရန် သဘောတူစာချုပ်နှင့် သက်တမ်းတိုးသဘောတူစာချုပ်အား လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို  ယနေ့နံနက် ၁၀ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်ရရှိသူများအား ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်

၂၀၂၅ ခုနစ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချီးမြှင့်အပ်နှင်းသည့် တနင်္သာရီတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအဆင့်ဆင့်မှ ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်ရရှိသူများအား ထပ်ဆင့်ဂုဏ်ပြုသည့်အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပလောက်မြို့တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ အမှတ်(၁)ရပ်ကွက်ရှိ ကျေးလက်ကျန်းမာရေးဌာနဆေးခန်း၌ မွေးကင်းစမှအသက်(၂) နှစ်အောက်အရွယ် ကလေးသူငယ်များအား ကျန်းမာရေးစောင့်ရှောက်မှုဖြင့် ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ဆေးတိုက်ကျွေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကော့သောင်းခရိုင်လူထုအခြေပြုဗဟိုဌာန၌ အခြေခံအင်္ဂလိပ်စာ Grammar သင်တန်း ဖွင့်လှစ်သင်ကြား

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အခြေခံပညာဦးစီးဌာန၊ Book Club အဖွဲ့နှင့်ပူးပေါင်း၍  နွေရာသီအခြေခံအင်္ဂလိပ်စာGrammar သင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီက စတင်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး