ကော့သောင်း မတ် ၅
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အခြေခံပညာဦးစီးဌာန၊ Book Club အဖွဲ့နှင့်ပူးပေါင်း၍ နွေရာသီအခြေခံအင်္ဂလိပ်စာGrammar သင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီက စတင်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
ရှေ့ဦးစွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်သူဇာလှိုင်ကနွေရာသီကျောင်းပိတ် ရက်တွင် ကျောင်းသား၊ ကျောင်းသူလူငယ်၊ လူရွယ်များ ကျောင်းပိတ်ရက်ကာလတွင် အသိပညာ၊ အတတ်ပညာများ ဖွံ့ဖြိုးတိုးတက်ပြီး၊ အချိန်ကို အကြိုးရှိစွာအသုံးချတတ်စေရန်၊ ဘက်စုံထူးချွန်သည့် ကျောင်းသားများဖြစ်လာစေရန်၊ ဆက်လက်၍ Book Club အဖွဲ့ဝင် အင်္ဂလိပ်ဆရာနည်းပြ ဆရာဦးသန်းဝင်းက မိတ်ဆက်စကားပြောကြားခဲ့ပြီး သင်ကြားမည့် သင်ခန်းစာနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် နွေရာသီအခြေခံအင်္ဂလိပ်စာသင်တန်းသင်ခန်းစာများအား ဆက်လက်ပို့ချခဲ့ရာ အဆိုပါသင်တန်းသို့ အခြေခံပညာအထက်တန်း ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၃၀ ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းကာလမှာ မတ်လ ၄ ရက်နေ့မှ ၂၀ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)