မြိတ် မတ် ၉
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ် အင်္ဂမော်ကျေးရွာအုပ်စု ကန်သာယာရွာနှင့် တောင်ကြီးရွာကို ဆက်သွယ်ထားသည့်လမ်းကို ဒေသခံပြည်သူများ သွားလာမှု လွယ်ကူချောမွေ့စေရေးအတွက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
ကန်သာယာ-တောင်ကြီးလမ်း(၁/၄)မိုင်ရှိသည့်အနက် (၂၀၂၄-၂၀၂၅) ဘဏ္ဍာရေးနှစ် တနင်္သာရီတိုင်းဒေသကြီး ရန်ပုံငွေများဖြင့် မူလကျောက်လမ်း ပျက်စီးနေသည့်အပိုင်း (၄.၅)ဖာလုံလမ်းအပိုင်းအား မြိတ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကွန်ကရစ်လမ်း အကျယ်(၁၂)ပေ၊ ကွန်ကရစ်ထု(၇)လက်မ လမ်းခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွန်ကြားရေးမှူး(မြို့ပြ) ဦးစိုးပြည်မှူးနှင့် လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဝင်းထက်ဦး၊ မြိတ်မြို့နယ် တာဝန်ခံအင်ဂျင်နီယာတို့မှ မတ်လ(၇)ရက်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။ အဆိုပါ ကန်သာယာ-တောင်ကြီးလမ်းကို ကျေးရွာ(၂)ရွာမှ ဒေသခံပြည်သူများ နေ့စဉ်အသုံးပြုသွားလာလျက်ရှိပြီး ယခင်ကထက် အဆင်ပြေလွယ်ကူချောမွေ့စွာ သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
ခိုင်ထူး(ပြန်/ဆက်)