ကျွန်းစု မတ် ၉
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၈/၂၀၂၄)သင်တန်းဆင်း စစ်သည်များအား မတ်လ ၈ ရက်နေ့ ညနေပိုင်းက ကျွန်းစုမြို့၊ တနင်္သာရီရေတပ်စခန်းဌာနချုပ်၊ အမှတ်(၁၀)ရေတပ်ဆိပ်ခံတံတား၌ သောင်းသောင်းဖျဖျ ကြိုဆို နှုတ်ဆက်ခဲ့သည်။
ကြိုဆိုရာတွင် တောင်ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ကျော်လင်းဇော်နှင့် အရာရှိ/ စစ်သည်၊ ရဲမေများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်းသင်တန်း၊ အမှတ်စဉ်(၈/၂၀၂၄) သင်တန်းဆင်းစစ်သည် ၂၅၆ ဦးအား သောင်းသောင်းဖျဖျ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
အဆိုပါ သင်တန်းဆင်း စစ်သည်များအား မတ်လ ၁၀ ရက်နေ့တွင် သင်္ဃန်းအော်ကျေးရွာရှိ အမှတ်(၅၇) ရေတပ်လေ့ကျင့်ရေးတပ်၌ ပြည်သူ့စစ်မှုထမ်း(မွမ်းမံ)သင်တန်း ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)