ရေဖြူ မတ် ၈
ထားဝယ်ခရိုင်၊ ရေဖြူမြို့တွင် နွေရာသီကျောင်းပိတ်ရက်ကာလ၌ ကျောင်းသား ကျောင်းသူများအား ယဉ်ကျေးလိမ္မာသောလူငယ်များ ဖြစ်လာစေရေးအတွက် ရေဖြူမြို့၊ ဓမ္မမာမကကျောင်းမှ အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကို (ခ)ရပ်ကွက်ရှိ သာသနာ့လင်္ကာရဓမ္မာရုံ၌ ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။
သင်တန်းကို မတ်လ(၁) ရက်နေ့မှစတင်ကာ ဖွင့်လှစ်ခဲ့ပြီး တစ်လကြာခန့်ဖွင့်လှစ်မည်ဖြစ်ကြောင်း ကျောင်းပိတ်ရက်ကာလ၌ နေ့စဉ် နံနက် ၈ နာရီခန့်မှစတင်ကာ ၉ နာရီခွဲအချိန်ခန့်အထိ သင်တန်းသားသင်တန်းသူ ၇၀ နီးပါးခန့်တက်ရောက်နေကြပြီး နည်းပြသုံးဦးတို့က ဗုဒ္ဓစာပေကျမ်းဂန်များလာ ယဉ်ကျေးမှုအဆုံးအမများ၊ ယဉ်ကျေးလိမ္မာစွာ နေထိုင်ပြုမူပြောဆိုတတ်စေမည့် နည်းလမ်းများတို့ကို သင်ကြားပေးလျက်ရှိကြောင်း ဆရာတော်အရှင်နန္ဒာစာရက ပြောသည်။
ယခုကဲ့သို့ နွေရာသီကျောင်းပိတ်ရက်ကာလ၌ အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကို နှစ်စဉ်ဖွင့်လှစ်ခြင်းအပြင် သင်္ကြန်တွင်းမဟာစည်(၁၀)ရက် တရားစခန်းကိုနှစ်စဉ်ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။
ခတ္တာ