ရေဖြူ မတ် ၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ (Grade-5)နှင့် (Grade-9) နှစ်ဆုံး တိုင်း/ ခရိုင်စစ်စာမေးပွဲကို ယမန်နေ့နံနက် ၉ နာရီမှစ၍ ကျောင်းသား/သူများက သမိုင်းနှင့်လူမှုရေးဘာသာရပ် ဖြေဆိုပြီးစီးကြောင်း သိရသည်။
(Grade-5 )နှင့် (Grade-9) ကျောင်းသား/ သူများ၏ နှစ်ဆုံးစာမေးပွဲကို တစ်ရက် တစ်ဘာသာဖြင့် (၆)ဘာသာဖြေဆိုရမည့်ဖြစ်ပြီး ယနေ့တွင် သမိုင်းနှင့် လူမှုရေးဘာသာရပ်ဖြေဆိုပြီးစီးခဲ့ရာ မတ်လ ၈ ရက်နေ့တွင် သိပ္ပံဘာသာရပ်ဖြင့် ဖြေဆိုပြီးစီးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ နှစ်ဆုံးတိုင်း/ခရိုင်စစ်စာမေးပွဲ အေးချမ်းသာယာအောင်မြင်ချောမွေ့စွာဖြေဆိုနိုင်ရန်အတွက် ရေဖြူမြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ကြီးများ၊ ဆရာ/ ဆရာမများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ကျောင်းသားမိဘများပူးပေါင်း၍ ကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခတ္တာ