တနင်္သာရီတိုင်းဒေသကြီး

သရက်ချောင်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားများအား ပင်စင်လစာ‌ငွေများ လစဉ်ပှံမှန်ထုတ်ပေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ နိုင်ငံ့ဝန်ထမ်းပင်စင်စား (အငြိမ်းစား) များအား ပင်စင်လစာငွေများကို ယနေ့နံနက် ၈ နာရီခွဲ အချိန်မှစ၍ မြို့နယ်မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းများက စနစ်တကျထုတ်ပေးလျက်ရှိသည်။

သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်း၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခြင်ဆေးမှုတ်ခြင်း ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်း၌ ယမန်နေ့က ကလေးသူငယ်များ ခြင်အန္တရာယ်ကင်းရှင်းစေ‌ရန်နှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ် ရေးအတွက် မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့ အဖွဲ့ဝင်များက ခြင်ဆေးမှုတ်ခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

တနင်္သာရီမြို့နယ်၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက် (၉) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ ပန်းအလှထိုးနည်းသင်တန်းဖွင့်လှစ်

ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများအား၀န်ထမ်းများ လက်မှုပညာရပ်ဖြင့် အခမ်းအနားများတွင် ကူညီဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ လက်မှုပညာရပ်ဖြစ်သည့် ပန်းအလှထိုးနည်း သင်တန်းကို ခရိုင်လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက်ပိုင်းတွင်ဖွင့်လှစ်ခဲ့သည်။

ရေဖြူမြို့တွင် မိုးရာသီ၌ စိမ်းလန်းစိုပြည်သန့်ရှင်းသာယာလှပစေရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ကြီးကြပ်၍ မြို့အဝင်အထွက်နှင့်မြို့တွင်း သန့်ရှင်းသာယာလှပစေရေးလုပ်ငန်းများကို ယခု မေလ ၂၀ ရက်နေ့မှစ၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကရသူရိမြို့၌ ကျောင်းသား/သူများ ဉာဏ်ရည်ထက်မြက်ရေး ပုံပြောပြိုင်ပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊  ကရသူရိမြို့၌ ကျောင်းသား/သူများ ဉာဏ်ရည် ထက်မြက်ရေး ပုံပြောပြိုင်ပွဲကျင်းပခြင်းကို ယမန်နေ့မွန်းတည့် ၁၂ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကော့သောင်းမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာအလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် သင်ကြားသင်ယူမှု ထိရောက်ရေး အရည်အသွေးမြှင့် ဆွေးနွေးပွဲပြုလုပ်

တနင်္သာရီတိုင်း‌ဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင်  ကော့သောင်းမြို့နယ်အဆင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာအလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် သင်ကြား သင်ယူမှု ထိရောက်ရေး အရည်အသွေးမြှင့် ဘာသာရပ်အလိုက်ဆွေးနွေးပွဲများကို  အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့ မေလ(၁၈)ရက်နေ့မှစတင် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကော့သောင်းမြို့တွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဘင်ခရာသင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ဘင်ခရာသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ‌အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊မြတ်ရတနာခန်းမတွင် ပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ ကော့သောင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးအောင်နှင့် ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ခရိုင်နှင့်မြို့နယ်ပညာရေးမှူးများနှင့် ကျောင်းအုပ်ဆရာမကြီးများ၊ ဘင်ခရာနည်းပြဆရာကြီးနှင့် အ.ထ.က(၁)ကျောင်းသားဟောင်း ဘင်ခရာလက်ထောက် နည်းပြများ၊ ဘင်ခရာအဖွဲ့ဝင်သင်တန်းသား၊သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ထားဝယ်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းခရိုင်/မြို့နယ်အဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲ ကျင်းပ

၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းခရိုင်/မြို့နယ်အဆင့် ဘာသာရပ်စွမ်းရည် မြှင့်ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပသည်။

ထားဝယ်ပညာရေးဒီဂရီကောလိပ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးဟောပြောပွဲ အခမ်းအနား ကျင်းပ

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်ပညာရေးဒီဂရီကောလိပ်၊ တိက္ခပညာခန်းမ၌ ကျင်းပသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး