တနင်္သာရီ မေ ၂၁
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက် (၉) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
အဆိုပါပြိုင်ပွဲကျင်းရခြင်းမှာ “ကမ္ဘာတစ်ဝန်းပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေး၊ စုပေါင်းအားဖြင့် ဆောင်ရွက်ပေး (Ending Plastic Pollution) ဆောင်ပုဒ်ဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး၊ ပလတ်စတစ်ညစ်ညမ်းမှုသည် ကမ္ဘာမြေကြီးအတွက် စိုးရိမ်ဖွယ်စိန်ခေါ်မှု တစ်ရပ်ဖြစ်ပြီး၊ မျက်မှောက်ခေတ် ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများအနက် ဖြေရှင်း၍ ရနိုင်ချေအများဆုံးရှိသောစိန်ခေါ်မှုဖြစ်ပြီး ပလတ်စတစ်ညစ်ညမ်းမှု ကင်းစင်ရေးအတွက် ဆောင်ရွက်ချက်များသည် ရာသီဥတုပြောင်းလဲမှုလျှော့ချရေး ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်းပြီး အဆိုပါပြိုင်ပွဲတွင် အထက်တန်းအဆင့် ကျောင်းသား/ သူ (၈) ဦးတို့က ပါဝင်ယှဉ်ပြိုင်ကာ မြို့နယ်အဆင့်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယရရှိသူများအား ဆုများချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
သီသီခိုင်(တနင်္သာရီ)