သရက်ချောင်း မေ ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်း၌ ယမန်နေ့က ကလေးသူငယ်များ ခြင်အန္တရာယ်ကင်းရှင်းစေရန်နှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ် ရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အဖွဲ့ဝင်များက ခြင်ဆေးမှုတ်ခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
ထို့သို့ဆောင်ရွက်ရာတွင် သရက်ချောင်းမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့ အဖွဲ့ဝင်များက လူမှုဝန်ထမ်းမူလတန်းကြိုကျောင်းအတွင်းရှိ အခန်းများ၊ ပိုးလောက်လန်း ပေါက်ပွားနိုင်သည့် ရေအိုင်များ၊ မြောင်းများ၊ ခြင်ခိုအောင်းနိုင်သည့် နေရာများအား ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)