ကရသူရိမြို့၌ ကျောင်းသား/သူများ ဉာဏ်ရည်ထက်မြက်ရေး ပုံပြောပြိုင်ပွဲကျင်းပ

ကရသူရိ မေ ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊  ကရသူရိမြို့၌ ကျောင်းသား/သူများ ဉာဏ်ရည်ထက်မြက်ရေး ပုံပြောပြိုင်ပွဲကျင်းပခြင်းကို ယမန်နေ့မွန်းတည့် ၁၂ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာကြည့်တိုက်သို့လာရောက်ကြသည့် စာဖတ်ဝါသနာရှင် ကျောင်းသား/သူကလေးများ အသိဉာဏ်ပညာနှင့် စာပေဝေါဟာရများတိုးတက်စေရန်၊ သွက်လက်ထက်မြက်၍ ထူးချွန်သည့် ကလေးများ ပေါ်ထွန်းစေရန်နှင့် စာအုပ်/စာပေချစ်မြတ်နိုးသည့် ကလေးများဖြစ်စေရေး လေ့ကျင့်ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူးက ပြောကြားခဲ့သည်။

ထို့နောက် ပုံပြင်ပြောပြိုင်ပွဲကို ကျောင်းသား/သူကလေးများက မိမိတို့ ကြိုက်နှစ်သက်ရာ ခေါင်းစဉ်ဖြင့် တစ်ဦးချင်းယှဉ်ပြိုင်ပြောဆိုကြပြီး ဆုရရှိသူများအား မေတ္တာလက်‌‌ဆောင်များ ပေးအပ်ခဲ့ကြောင်းသိရသည်။

ကရသူရိ(ပြန်/ဆက်)