တနင်္သာရီတိုင်းဒေသကြီး

ထားဝယ်မြို့တွင် အဏ္ဏဝါအမှိုက်သရိုက်စစ်တမ်းကောက်ယူခြင်းဆိုင်ရာလမ်းညွှန်စာအုပ်အားအသုံးပြု၍ အဏ္ဏဝါအမှိုက်သရိုက်စစ်တမ်းကောက်ယူ

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဦးဆောင်မှုဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်(စ)တွင်ပင်လယ်ကမ်းရိုးတန်းရှိ တိုင်းဒေသကြီး/ပြည်နယ် များတွင် အဏ္ဏဝါအမှိုက်သရိုက်စစ်တမ်း ကောက်ယူခြင်းဆိုင်ရာလမ်းညွှန်စာအုပ်အားအသုံးပြု၍ အဏ္ဏဝါအမှိုက်သရိုက်စစ်တမ်းကောက်ယူခြင်းကို မေလ ၁၈ ရက်နေ့က  ပထမအကြိမ် ထားဝယ်မြစ် ကမ်းနား လမ်းဘေးရှိပြည်သူ့အပန်းဖြေရင်ပြင်နှင့် ထားဝယ်မြစ်ဒီရေကျချိန်တွင် ဆောင်ရွက်ခဲ့ကြသည်။

ဘုတ်ပြင်းမြို့နယ်၌ ကျောင်းအပ်နှံရေးသီတင်းပတ် အသိပညာပေးမြေစိုက်ပိုစတာစိုက်ထူ

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် အသိပညာပေးမြေစိုက်ပိုစတာစိုက်ထူခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က  မြို့နယ်ပညာရေးမှူးရုံး၊ မြို့မဈေးလမ်းဆုံနှင့် မြန်မာ့စီးပွားရေးဘဏ်လမ်းဆုံတို့တွင် စိုက်ထူခဲ့သည်။

ကော့‌သောင်းမြို့ အ.ထ.က(ခွဲ)အ.လ.က(၂)ကျောင်းမှ လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ

ကော့‌သောင်းမြို့ အ.ထ.က(ခွဲ)အ.လ.က(၂)ကျောင်းမှ လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက အ.ထ.က(ခွဲ) အ.လ.က(၂)ကျောင်း၊ မဟော်ဂနီခန်းမဆောင်တွင် ကျင်းပရာ အဆိုပါအခမ်းအနားသို့ ကော့သောင်းမြို့ စစ်ဗျူဟာအဖွဲ့ (အခြေချ)ကော့သောင်းမှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ကိုလတ်၊ ခရိုင်နှင့်မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၊ မိဘ၊ ဆရာ အသင်း အဖွဲ့များ၊ ဆရာ၊ဆရာမများနှင့်ကျောင်းသားကျောင်းသူများ တက်‌ရောက်ခဲ့ကြသည်။

ကော့သောင်းမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကော့သောင်းခရိုင် အခြေခံပညာအထက်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် (မွမ်းမံ)ဆွေးနွေးပွဲ ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ကော့သောင်း‌မြို့တွင်၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကော့သောင်းခရိုင် အခြေခံပညာအထက်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် (မွမ်းမံ) ဆွေးနွေးပွဲကို အခြေခံပညာအထက်တန်းကျောင်းခွဲ အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်း၌ မေလ (၁၈)ရက်နေ့နံနက်ပိုင်းက စတင်ကျင်းပခဲ့သည်။

မြိတ်မြို့တွင် မှုခင်းကျဆင်းရေးနှင့် Guardian Link Press Connect Protect စနစ် အသုံးပြုခြင်းဆိုင်ရာ ပညာပေးရှင်းလင်း

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် မှုခင်းကျဆင်းရေးနှင့် Guardian Link Press Connect. Protect စနစ်အသုံးပြုခြင်းဆိုင်ရာများကို ပုလဲရတနာခန်းမတွင် မြိတ်ခရိုင်ရဲတပ်ဖွဲ့မှ ပြည်သူများအား ပညာပေးရှင်းလင်းသည်။

မြိတ်မြို့တွင် ခရိုင်အဆင့် အခြေခံပညာအထက်တန်းအဆင့် (Grade-10, Grade-11) ဘာသာရပ် မွမ်းမံဆွေးနွေးပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ခရိုင်အဆင့် အခြေခံပညာအထက်တန်းအဆင့် (Grade-10, Grade-11) ဘာသာရပ်မွမ်းမံဆွေးနွေးပွဲကို အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ခန်းမတွင် မေလ (၁၈) ရက် နံနက်ပိုင်းက ကျင်းပသည်။

မြိတ်မြို့တွင် ရော်ဘာစိုက်ပျိုးတောင်သူများ ရော်ဘာအစေးခြစ်ရာ၌ ရာဘာပင်တွင် မိုးကာဖြင့် အစေးခြစ်စနစ် နည်းပညာပေး ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ (ရွှေဒူး) တွင် စိုက်ပျိုးရေးဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ကြီးမှူး၍ ရော်ဘာအစေးခြစ်ရာ၌ ရာဘာပင်တွင် မိုးကာဖြင့် အစေးခြစ်စနစ် နည်းပညာများကို မေလ (၁၇)ရက် နံနက်ပိုင်းက ရော်ဘာစိုက်ပျိုးတောင်သူများအား အသိပညာပေး ဆောင်ရွက်သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

မေလ ၂၂ ရက်နေ့တွင် ဖွင့်လှစ်မည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ဆရာ/ဆရာမများ ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး၊ ကျောင်းပရဝုဏ်အတွင်း သန့်ရှင်းသာယာလှပရေး၊ စည်းကမ်းစနစ်တကျရှိစေရေး၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထားဝယ်မြို့၌ရပ်ရွာအခြေပြု ခြင်းတောင်းယက်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီက ကြီးမှူးဖွင့်လှစ်သည့် ရပ်ရွာအခြေပြု ခြင်းတောင်းယက်သင်တန်း ဆင်းပွဲအခမ်းအနားကိုယမန်နေ့မွန်းလွဲ ၃ နာရီ က ထားဝယ်မြို့၊ တိုင်ဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။

သရက်ချောင်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ မိုးရာသီ မိုးစပါးပန်းတိုင်စံပြကျေးရွာ၊ မျိုးစေ့ထုတ်စိုက်ခင်း၊ စံပြကွက်၊ စမ်းသပ်ကွက်နှင့် မိုးစပါးစိုက်ပျိုးသည့် တောင်သူများအား (ပထမအကြိမ်) ယူရီးယား ဓာတ်မြေဩဇာ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူး‌ပေးအပ်ခြင်း အခမ်းအနား ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၌ ယနေ့နံနက် ၉ နာရီအချိန်က ၂၀၂၅ ခုနှစ်၊ မိုးရာသီမိုးစပါးပန်းတိုင်စံပြကျေးရွာ၊ မျိုးစေ့ထုတ် စိုက်ခင်း၊ စံပြကွက်၊ စမ်းသပ်ကွက်နှင့် မိုးစပါးစိုက်ပျိုးသည့်တောင်သူများအား (ပထမအကြိမ်) ယူရီးယားဓာတ်မြေဩဇာ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူး‌ပေးအပ်ခြင်း အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး