တနင်္သာရီတိုင်းဒေသကြီး

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းဒေသကြီးအဆင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ အထိမ်းအမှတ်အခမ်းအနားတက်ရောက်

“ကလေးများအနာဂတ်လှပဖို့၊ မိခင်နို့တိုက်ကျွေးလို့၊ ရင်းနှီးမြှုပ်နှံကြပါစို့” စသည့် ဆောင်ပုဒ် နှင့်အညီ ၂၀၂၅ ခုနှစ် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ တနင်္သာရီတိုင်းဒေသကြီးအဆင့် အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်၈နာရီက ထားဝယ်မြို့၊မြို့တော်ခန်းမ၌ကျင်းပသည်။

ကော့သောင်းမြို့တွင် ပင်လယ်ကမ်းရိုးတန်းသယံဇာတများ ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး 

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ ကြီးမှူးကျင်းပသော ပင်လယ်ကမ်းရိုး တန်းသယံဇာတများ ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ အသိ ပညာပေးဟောပြောပွဲကို ယနေ့ နံနက်(၁၀)နာရီခန့်က ကော့သောင်းမြို့ မဉ္ဇူသကခန်းမ၌ ကျင်းပသည်။

ကော့သောင်းမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ကိုင်တွယ်အသုံးပြုနည်းဆိုင်ရာ ဆင့်ပွားသင်တန်း‌ဖွင့်

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့ အထက(ခွဲ) အလက(၂) ကျောင်းတွင်  မြန်မာ အီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းဆိုင်ရာ  ဆင့်ပွားသင်တန်း‌ စတုတ္ထအပတ်အဖြစ်  ဩဂုတ်၂၄ ရက်မှ၂၅ရက်အထိနှစ်ရက် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာတနင်္သာရီတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီးမင်းမင်းလတ်သည်နှင့်အဖွဲ့ဝင်များ ဩဂုတ်၂၅ ရက်နံနက်ပိုင်းက  တက်ရောက် ကြည့်ရှုအားပေးသည်။

ပုလောမြို့၌ မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်အသုံးပြု၍ ဆန္ဒမဲပေးခြင်းဆိုင်ရာများ အသိပညာပေး၍ လက်တွေ့သရုပ်ပြ

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ မြန်မာ အီလက်ထရောနစ် (MEVM) မဲပေးစက်အသုံးပြု၍ ဆန္ဒမဲပေးခြင်းဆိုင်ရာများ အသိပညာပေးခြင်းကို ဩဂုတ်လ ၂၅ ရက်နေ့ နံနက် ၁၀ နာရီခွဲက ပုလောမြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကရသူရိမြို့၌ ယာဥ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး ဟောပြောခြင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီက ယာဥ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို မြိတ်ပြည်သူ့ဆေးရုံတွင် ကျောက်ကပ်ရောဂါဝေဒနာရှင် ပြည်သူများနှင့် ကျောက်ကပ်ဆေးရမည့် ဝေဒနာရှင်များ အဘက်ဘက်မှ ဆေးကုသမှု အဆင်ပြေစေရေး မတည်အလှူငွေ ပေးအပ်ပွဲတက်ရောက်   

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်ကျော်ဟန်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့က  မြိတ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် ကျောက်ကပ်ရောဂါ ဝေဒနာရှင် ပြည်သူများနှင့် ကျောက်ကပ်ဆေးရမည့် ဝေဒနာရှင်များ အဘက်ဘက်မှ ဆေးကုသမှု အဆင်ပြေစေရေးအတွက် မတည်အလှူငွေပေးအပ်ပွဲသို့ တက်ရောက်ကြသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား အခြေခံစားကုန်များပေးအပ်ပြီး သားဖွားသင်တန်းကျောင်း၏ လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ကျောင်းပြင်ပပညာရေး သင်ကြားသင်ယူနေမှုအား ကြည့်ရှုအားပေး

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နေ့လယ်ပိုင်းက မြိတ်ခရိုင်အတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအားတွေ့ဆုံ၍ အခြေခံစားကုန်များပေးအပ်ပြီး သားဖွားသင်တန်းကျောင်း၏ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး၍ ကျောင်းပြင်ပပညာရေး သင်ကြားသင်ယူနေမှုအား ကြည့်ရှုအားပေးပြီး သင်ထောက်ကူများ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို သဘာဝမြေဩဇာပေးအပ်ခြင်းနှင့် သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာ အချိန်ကိုက်၊ အချိုးကျ၊ ကြဲပက်သုံးစွဲနည်း ကွင်းသရုပ်ပြပွဲသို့တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက  မြိတ်မြို့နယ် ကျွဲကူးကျေးရွာရှိ စိုက်ပျိုးနည်းပညာပြန့်ပွားရေးစင်တာတွင် ကျင်းပသည့် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိအောင် ဆောင်ရွက်မည့် အကျိုးဆောင်တောင်သူများအား သဘာဝမြေဩဇာပေးအပ်ခြင်း၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ အချိန်ကိုက်၊ အချိုးကျ၊ ကြဲပက်သုံးစွဲနည်း ကွင်းသရုပ်ပြပွဲသို့ တက်ရောက်ကြသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် မြိတ်မြို့ရှိ ငါးသေတ္တာကုန်ချောထုတ်လုပ်နေမှု၊ စပါးခွံဖြင့် ထင်းအစားထိုးလောင်စာဆောင်ရွက်မှု၊ ဆိုလာစွမ်းအင်ဖြင့် ဆန်စက်လည်ပတ်မှုနှင့် ကျေးလက်နေပြည်သူများအား အထူးကုဆရာဝန်များ ကွင်းဆင်း၍ အခမဲ့ဆေးကုသပေးမှု ကြည့်ရှုအားပေး

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မြိတ်မြို့နယ်တွင် ငါးသေတ္တာ ကုန်ချောထုတ်လုပ်မှု၊ ပိုလျှံစပါးခွံဖြင့် ထင်းအစားထိုးလောင်စာဆောင်ရွက်မှု၊ ဆိုလာစွမ်းအင်ဖြင့် ဆန်စက်လည်ပတ်မှုနှင့် ကျေးလက်နေပြည်သူများအား မြိတ်ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်များ ကွင်းဆင်း၍ အခမဲ့ဆေးကုသ ကျန်းမာရေးစောင့်ရှောက်ပေးမှုတို့အား ကြည့်ရှုအားပေးကြောင်း သိရသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး