ကော့သောင်းမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ကိုင်တွယ်အသုံးပြုနည်းဆိုင်ရာ ဆင့်ပွားသင်တန်း‌ဖွင့်

ကော့သောင်း  ဩဂုတ်  ၂၅

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့ အထက(ခွဲ) အလက(၂) ကျောင်းတွင်  မြန်မာ အီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းဆိုင်ရာ  ဆင့်ပွားသင်တန်း‌ စတုတ္ထအပတ်အဖြစ် ဩဂုတ်၂၄ ရက်မှ၂၅ရက်အထိနှစ်ရက် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာတနင်္သာရီတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီးမင်းမင်းလတ်သည်နှင့်အဖွဲ့ဝင်များ ဩဂုတ်၂၅ ရက်နံနက်ပိုင်းက  တက်ရောက် ကြည့်ရှုအားပေးသည်။

အဆိုပါ သင်တန်းတွင် ခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများ၊နည်းပြများက အီလက်ထရောနစ်မဲပေးစက် အသုံးပြုရန်ကြိုတင်ပြင်ဆင်ခြင်းနှင့်  စမ်းသပ်မဲပေးခြင်း၊ ရွေးကောက်ပွဲ ကျင်းပမည့်နေ့တွင် စမ်းသပ်‌မဲပေးခြင်း၊ အီလက်ထရောနစ်မဲပေးစက်များကို ကိုင်တွယ်ခြင်း၊ အရန်စက် လဲလှယ်ခြင်း၊ မဲရေတွက်ခြင်း၊ အရေးပေါ်ကိစ္စရပ်များ ဖြစ်ပေါ်လာပါကဆောင်ရွက်ရမည့်လုပ်ငန်းများ၊ မဲပေး စက်အသုံးပြုခြင်း လုပ်ငန်းစဉ်များ၊ မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့် ပတ်သက်၍ ထိန်းချုပ်စက်ကိုင်တွယ် အသုံးပြုခြင်း လုပ်ငန်းစဉ်များ၊ သင်တန်းသား၊ သင်တန်းသူများအား လက်တွေ့ကိုင်တွယ်လေ့ကျင့်စေခြင်းစသည့် လုပ်ငန်းစဉ်များ ပို့ချခဲ့ကြသည်။

ကော့သောင်းခရိုင်အနေဖြင့် အဆိုပါ  ဆင့်ပွားသင်တန်း‌များကို ဩဂုတ်လ ပထမပတ် မှစ၍  အပတ်စဉ် တနင်္ဂနွေ‌ နေ့နှင့် တနင်္လာနေ့ များတွင်ဖွင့်လှစ်၍ အပတ်စဉ်တစ်ခုတွင် သင်တန်းသား/သင်တန်းသူ  ၁၀၆ဦး ဖြင့် ဆင့်ပွားသင်တန်း လေးကြိမ်ဖွင့်လှစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)