ကရသူရိမြို့၌ ယာဥ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး ဟောပြောခြင်းဆောင်ရွက်

ကရသူရိ သြဂုတ် ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီက ယာဥ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟောပြောရာတွင် နယ်မြေစခန်းမှူး ရဲအုပ် ဦးလွင်မျိုးသူက ‌ယာဥ်မောင်းနှင်းသူသည် အသက် (၁၈) နှစ် ပြည့်ရမည်ဖြစ်ကြောင်း၊ မော်တော်ယာဥ်၊ မော်တော်ဆိုင်ကယ်များ မောင်းနှင်းရာတွင် ဦးထုပ်ဆောင်ခြင်း၊ ခါးပတ်ကြိုးပတ်ခြင်းတို့ကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ လူကူးမျဥ်းကျား၊ လမ်းကွေ့လမ်းကောက်နေရာများရောက်လျှင် ယာဥ်အား အချိန်လျော့၍ မောင်းနှင်းရန်၊ ယာဥ်တစ်စီးတွင် ရှိရမည့် သတ်မှတ်ထားသည့် စည်းကမ်းချက်များအကြောင်း၊ မီးပွိုင့်မှအချက်ပြမီး ပြုလုပ်ပါက လိုက်နာရန်အချက်များ၊ ခြေလျင်လမ်းလျှောက်သူများ လိုက်နာရန်၊ယာဥ်အား စက်ဆံဆူညံစွာ မောင်းနှင်းခြင်း၊ ဟွန်းသံကျယ်လောင်စွာတီးခြင်း မပြုလုပ်ရန်၊၊ ယာဥ်လိုင်စင်၊ ယာဥ်မောင်းလိုင်စင်အကြောင်း၊ ဥပဒေပါပြစ်မှုပြစ်ဒဏ်များ၊ စည်းကမ်းထိန်းသိမ်းခြင်းနှင့် အရေးယူခြင်း စသည် ယာဥ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာများကို အကျယ်တဝံ့ဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့အုပ်ချုပ်ရေးမှူးနှင့် နယ်မြေရဲတပ်ဖွဲ့ဝင်များ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ၊ ကျောင်းအကျိုးတော်ဆောင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကရသူရိ(ပြန်/ဆက်)