တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းဒေသကြီးအဆင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ အထိမ်းအမှတ်အခမ်းအနားတက်ရောက်

ထားဝယ်     ဩဂုတ် ၂၅

ကလေးများအနာဂတ်လှပဖို့၊ မိခင်နို့တိုက်ကျွေးလို့၊ ရင်းနှီးမြှုပ်နှံကြပါစို့စသည့် ဆောင်ပုဒ်နှင့်အညီ ၂၀၂၅ ခုနှစ် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ တနင်္သာရီတိုင်းဒေသကြီးအဆင့် အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်၈နာရီက ထားဝယ်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းင်းဒေသကြီးဝန်ကြီးချုပ်က အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည် ချက်(၄)ရပ်အနက် တတိယဦးတည်ချက်ဖြစ်သော  နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုး တက်ခိုင်မာစေရေးအတွက် အမျိုးသားပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို အလေးထားမြှင့်တင်ရေး"ဆိုသည့် ဦးတည်ချက်အပေါ် ကြိုးပမ်းဆောင်ရွက်ရာတွင် လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာနေနိုင်ရေးနှင့် လူတိုင်းရောဂါဘယကင်းရှင်းရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်သူလူထုအနေ ဖြင့် အာဟာရဖွံ့ဖြိုးရေး လုပ်ငန်းများကို ပိုမိုစိတ်ဝင်စားပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေရန်၊ အာဟာရပြည့်ဝစွာစား သောက်တတ်စေရန်၊ အာဟာရပညာကို လိုက်နာကျင့်သုံးခြင်းဖြင့် ကျန်းမာသန်စွမ်းပြီး ဉာဏ်ရည်ထက်မြက်သော နိုင်ငံသားကောင်းများ ပြုစုပျိုးထောင်ပေးနိုင်ရန်ရည်ရွယ်ပြီး ဩဂုတ်လတစ်လလုံးကို အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များအဖြစ် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်/ကျေးရွာများအထိ လှုပ်ရှားမှုများ ကိုနှစ်စဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ မိခင်နို့သည် မွေးကင်းစကလေးအတွက်ပထမဆုံးနှင့် အကောင်းဆုံးအစာအာဟာရဖြစ်သည့် အတွက်မွေးပြီး နာရီဝက်အတွင်း မိခင်နို့စတင်တိုက်ကျွေးရန်မွေးစမှ (၆)လအထိ မိခင်နို့တစ်မျိုးတည်း ကိုသာတိုက်ကျွေးရန်လိုအပ် ကြောင်း၊ ကလေးအသက်(၆)လပြည့်ပြီးနောက်တွင် ဖြည့်စွက်စာနှင့်အတူ မိခင်နို့ကို(၂)နှစ်အထိဆက်လက်တိုက်ကျွေးရန် လိုအပ်ကြောင်း၊ ပြည်သူများဘဝတစ်လျှောက်လုံး အာဟာရပြည့်ဝမျှတအောင် နေထိုင်စားသောက်တတ်ပြီး အနာရောဂါကင်းရှင်းရန်၊ မိခင်နှင့်ကလေးသေနှုန်းများကျဆင်းစေရန်၊ အာဟာရပြည့်ဝပြီး ကာယနှင့်ဉာဏဖွံ့ဖြိုးသော မျိုးဆက်သစ်လူငယ်များ ပေါ်ထွက်လာစေရန် ကလေးများ၏ အနာဂတ်တွင် ကျန်းမာဖွံ့ဖြိုးသာယာစေရန်အတွက် အခြေခံကျပြီး အရေးပါသည့် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကို ကလေးများ အနာဂတ်လှပဖို့၊ မိခင်နို့ချိုတိုက်ကျွေးလို့၊ ရင်းနှီးမြှုပ်နှံကြပါစို့ဆိုသည့် ဆောင်ပုဒ်နှင့်အညီ မိခင်နို့တိုက်ကျွေးခြင်းကအစပြုပြီး အသက် အရွယ်အလိုက် အာဟာရပြည့်ဝအောင် စောင့်ရှောက်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ပြီး အားလုံးပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် လှုပ်ရှားမှုအထိမ်းအမှတ် စာစီစာကုံး ဆုရရှိသည့်ကျောင်းသား/သူများအား ဆုချီးမြှင့်ပြီးအမှတ်(၆)အခြေခံပညာ အထက်တန်း ကျောင်းမှ ကျောင်းသားကျောင်းသူများက  တေးသရုပ်ဖော် တင်ဆက်ကြသည်။ဆက်လက်၍၂၀၂၅ခုနှစ်အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုအထိမ်းအမှတ် ကိုယ်ဝန်ဆောင်ကာလ အာဟာရပြည့်ပြည့်ဝဝ စားကြစို့ဗီဒီယိုပြသပြီး ကျောင်းသားကျောင်းသူများက တေးသရုပ်ဖော်တင်ဆက်ကြသည်။

ယင်းနောက်တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များက  အသက်(၅)နှစ်အောက် ကလေးများအား ဗီတာမင်အေဆေးလုံးတိုက်ကျွေးပြီး ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များအား အဏုအာဟာရဆေးပြားများနှင့် လက်ဆောင်ပစ္စည်းပေးအပ်ကာ ပြခန်းငယ်အား လှည့်လည်ကြည့်ရှုအားပေးသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)