မင်းဘူးမြို့၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ငလျင်ဘေးသဏ္ဌာန်တူဇတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက အရေးပေါ်ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တပြေးညီ တုန့်ပြန်ဆောင်ရွက်နိုင်စေရန်အတွက် ငလျင်ဘေးသဏ္ဌာန်တူသရုပ်ပြဇာတ်တိုက်လေ့ကျင့်မှု အသိပညာပေးဆောင်ရွက်ခြင်းကို ဒီဇင်ဘာ ၁၄ ရက်၊ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က မင်းဘူးမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။