ပခုက္ကူ ဒီဇင်ဘာ ၁၄
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးလင်းထွဋ်သည် ယနေ့နံနက် ၁၁ နာရီခွဲအချိန်က မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ ရွှေချောင်းရေ တိုက်စားမှုကာကွယ်ရေးလုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်မှုအခြေအနေတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးလင်းထွဋ်နှင့် တာဝန်ရှိသူများ သည် ဒီဇင်ဘာလ၁၄ရက် နံနက်၁၁နာရီခွဲအချိန်က ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကြီးကြပ်ရေးအဖွဲ့ (မကွေးတိုင်းဒေသကြီး) မှ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေကျပ် ၈၂၆ ဒသမ၂၇သန်းဖြင့် ပခုက္ကူမြို့၊ အမှတ်(၃)ရပ်ကွက်၌ အလျားပေ ၁၂၀၀ ရှိ ရွှေချောင်းရေတိုက်စားမှုကာကွယ်ရေးလုပ်ငန်း (ကွန်ကရစ်ပိုင်အခြေပြုကျောက်စီမြေထိန်းနံရံ တည်ဆောက်ခြင်း) အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေကျပ် ၄၉၁ သန်းဖြင့် ပခုက္ကူမြို့၊ အမှတ် (၁) ရပ်ကွက်၌ အလျားပေ၄၅၀ရှိ ဂေါက်ကွင်းမြေ နှင့်သာသနာ့ဗိမာန်မြေ၊ ရွှေချောင်းရေတိုက်စားမှုကာကွယ်ရေးလုပ်ငန်း (ကွန်ကရစ်ပိုင်အခြေပြု ကျောက်စီမြေထိန်းတမံတည်ဆောက်ခြင်း) အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ တာတန်ရှိသူများက လက်ရှိလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဆက်လက်အကောင်အထည်ဆောင်ရွက်ရမည့်လုပ်ငန်းအခြေအနေများကို အသေးစိတ်ရှင်းလင်း တင်ပြကြသည်။
ထို့နောက် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးလင်းထွဋ်က လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်း အရည်အသွေးများနှင့်ကိုက်ညီစွာ အကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးတို့အတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းလမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)