ဆင်ပေါင်ဝဲမြို့ အမှတ် (၂) ရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက် ဟောပြောပွဲ၊ စာဖတ်စွမ်းရည်မြှင့်တင်ခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်း ဆောင်ရွက်

ဆင်ပေါင်ဝဲ ဒီဇင်ဘာ ၁၄

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့ အမှတ် (၂) ရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက် ဟောပြောပွဲ၊ စာဖတ်စွမ်းရည်မြှင်တင်ခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းများကို ယနေ့ နေ့လယ် ၁ နာရီအချိန်က အဆိုပါကျောင်းခန်းမတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးစည်သူလွင်က ကလေးငယ်များကို အတန်းပညာသာမက ပြင်ပဗဟုသုတများရရှိစေရန်နှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် စာအုပ်/စာစောင်များကို လေ့လာဖတ်ရှုစေလိုကြောင်း၊ စာဖတ်ခြင်းကြောင့် ရရှိလာသော အကျိုးကျေးဇူးများကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနမှ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား ရုပ်ပြ၊ မဂ္ဂဇင်း၊ စာစောင်များကို ဖတ်ရှုစေခြင်းအပြင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်များပြသခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)