မကွေးတိုင်းဒေသကြီး

ပွင့်ဖြူမြို့နယ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို (ထက်၊ လယ်၊ မူ)အဆင့် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပညာရေးဌာနမှကြီးမှူး၍ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို (ထက်၊ လယ်၊ မူ) အဆင့် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီက ပွင့်ဖြူမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

နတ်မောက်မြို့နယ်တွင် ဆောင်းမြေပဲများ စတင်နှုတ်သိမ်း

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်း ဆောင်းမြေပဲများ စိုက်ပျိုးထားသည့် တောင်သူများသည် ဒီဇင်ဘာ ဒုတိယပတ်မှစတင်၍ ဆောင်းမြေပဲများ နှုတ်သိမ်းနေကြပြီ ဖြစ်ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်များတွင် မိုးစပါးစံကွက်ရိတ်သိမ်းနေမှု၊ လယ်သီးထပ်တွင် ကုလားပဲသီးထပ်စိုက်ပျိုးနေမှု၊ ဝါစိုက်ခင်းအောင်မြင်ဖြစ်ထွန်းနေမှုနှင့် ဥစားဘဲ မွေးမြူထားမှုအခြေအနေများအား ကြည့်ရှုကာ ဒေသခံတောင်သူ

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ရဲမှူးကြီးလင်းထွဋ်နှင့် တိုင်းအဆင့်ဌာနဆိုင်ရာတဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်နှင့် စလင်းမြို့နယ်များတွင် မိုးစပါးစံကွက်ရိတ်သိမ်းနေမှု၊ လယ်သီးထပ်တွင် ကုလားပဲသီးထပ်စိုက်ပျိုးနေမှု၊ ဝါစိုက်ခင်းအောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများနှင့် ဥစားဘဲ မွေးမြူထားမှုအခြေအနေများကို ကြည့်ရှုကာ ဒေသခံပြည်သူများနှင့်တွေ့ဆုံသည်။

သရက်မြို့၌ စက်လှေဆိပ်ရှိ မြေစိုက်တဲတစ်လုံး မီးလောင်မှုဖြစ်ပွား

မကွေးတိုင်းဒေသကြီး၊ သရက်မြို့ဈေးရပ်ကွက်ရှိ စက်လှေဆိပ်တွင် ၁၆ ပေ × ၂၀ပေ သွပ်မိုး၊ ဝါးထရံကာ အဆောက်အဦတစ်လုံး ဒီဇင်ဘာ ၁၇ ရက် နံနက် (၀၂:၂၅) နာရီ အချိန်တွင် စက်လှေဆိပ်ရှိ အမှိုက်ပုံမှတဆင့် ကူးစက်မှုကြောင့် မီးလောင်ကျွမ်းမှုဖြစ်သဖြင့် ခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ စုစုပေါင်းအင်အား (၁၅)ဦးက မီးသတ်ရေယာဉ် (၂) စီးဖြင့် မီးငြိမ်းသတ်ခဲ့ရာ (၀၂:၃၀) နာရီအချိန်တွင် မီးညွှန့်ကျိုး၍ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် သီရိပျံချီဦးတင့်လွင် ပွင့်ဖြူမြို့နယ် လယ်လှကုန်းကျေးရွာတွင် ကောက်ရိုးထုံး စက်ကိရိယာ (Round Baler) နှင့် ရိုးဖြတ်ရိတ်စက်ကိရိယာ Mower (Rotary Mulcher) တောင်သူပညာပေးသရုပ်ပြပွဲသို့ တက်ရောက်ကြည့်ရှုအားပေး

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် သီရိပျံချီဦးတင့်လွင်သည် တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးလင်းထွဋ်နှင့် တိုင်းဒေသကြီး/ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ၍ ဒီဇင်ဘာ (၁၇) ရက်၊ ယနေ့နံနက် (၈) နာရီ (၄၀) မိနစ်အချိန်က ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် စိုက်ပျိုးထားရှိသော လယ်လှကုန်းကျေးရွာ ကွင်းအမှတ် (၉၈၃) ရှိ တောင်သူဦးနိုင်ဝင်း၏ မိုးစပါးအထွက်တိုး စံပြကွက်တွင် ပြုလုပ်သည့် ကောက်ရိုးထုံးစက်ကိရိယာ (Round Baler) နှင့် ရိုးဖြတ်ရိတ်စက်ကိရိယာ Mower (Rotary Mulcher) တောင်သူပညာပေး သရုပ်ပြပွဲသို့ တက်ရောက်ကြည့်ရှုအားပေးကာ ဒေသခံတောင်သူများအား စိုက်ပျိုးစွမ်းအားကဏ္ဍ မြှင့်တင်နိုင်ရေး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ FDA မှ စားသုံးရန်မသင့်သည့် တားမြစ်ထားသော စားသောက်ကုန်ပစ္စည်းများ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ဒေသခံပြည်သူများ စားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးရာတွင် အစားအစာ ဘေးကင်းလုံခြုံစေရန်နှင့် FDA မှ စားသုံးရန်မသင့်သည့် တားမြစ်ထားသော စားသောက်ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေးအတွက် ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ပွင့်ဖြူမြို့ပေါ်ရှိ စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များကို ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ငဖဲမြို့နယ်တွင် ဆောင်းတွင်းရာသီစာအဖြစ် ဒေသထွက် ကောက်ညှင်းကျည်တောက်(ခ) တင်းဝါးများ ရောင်းအားကောင်း

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ကျောင်းတွင်းရပ်ကွက် စည်ပင်ကွက်သစ်ရပ် မြို့အဝင် ကားလမ်းဘေးတွင်နေထိုင်ပြီး ဆောင်းတွင်းရာသီစာအဖြစ် ကောက်ညှင်းကျည်တောက်(ခ)တင်းဝါးများကို မိသားစုတစ်ပိုင်တစ်နိုင် လုပ်ကိုင်ရောင်းချရာ ရောင်းအားကောင်း၍ စီးပွားရေးအဆင်ပြေနေကြောင်း သိရသည်။

မြို့သစ်မြို့နယ်၌ မိုးစပါးစံကွက် ရိတ်သိမ်းပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ မိုးရာသီတွင် စိုက်ပျိုးခဲ့သော မိုးစပါးစံကွက်ရိတ်သိမ်းခြင်း အခမ်းအနားကို ယမန်နေ့နံနက် (၈) နာရီက မင်းရပ်ကွက်၊ ကွင်းအမှတ် (၂၆၀၈.ခ)၊ ဦးပိုင် (၉၃.၁) တောင်သူဦးအေးထွန်း၏ စိုက်ကွက်တွင် ဆောင်ရွက်ခဲ့သည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ နေကြာ (၉၈၆၅) ဧက စိုက်ပျိုးပြီးစီး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဒေသတွင်းစားသုံးဆီ ဖူလုံပိုလျှံစေရေးအတွက် ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေကို အမှီပြု၍ နေကြာသီးနှံများကို ကြိုးပမ်းစိုက်ပျိုးလျက်ရှိရာ ယနေ့အထိ နေကြာသီးနှံ (၉၈၆၅) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။

သရက်မြို့နယ် စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းခန်းမတွင် (၇၆)နှစ် မြောက် လွတ်လပ်ရေးနေ့အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ အခမ်းအနားကို ယနေ့ နံနက် (၁၁)နာရီက ကျင်းပခဲ့သည်။
Subscribe to မကွေးတိုင်းဒေသကြီး