နတ်မောက်မြို့နယ်တွင် ဆောင်းမြေပဲများ စတင်နှုတ်သိမ်း

နတ်မောက် ဒီဇင်ဘာ ၁၈

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်း ဆောင်းမြေပဲများ စိုက်ပျိုးထားသည့် တောင်သူများသည် ဒီဇင်ဘာ ဒုတိယပတ်မှစတင်၍ ဆောင်းမြေပဲများ နှုတ်သိမ်းနေကြပြီ ဖြစ်ကြောင်း သိရသည်။

နတ်မောက်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မိုးဦးရာသီ၌ မိုးရွာသွန်းမှုနည်းပါးခဲ့သဖြင့် ဆီထွက်သီးနှံများ ဖြစ်သည့် နှမ်းလျင်၊ ပင်ထောင်မြေပဲများ ဖြစ်ထွန်းမှု နည်းပါးခြင်း၊ အထွက်နှုန်းကျဆင်းခြင်းများ ကြုံတွေ့ခဲ့ရသော်လည်း ပထမတစ်သီးရိတ်သိမ်းပြီးချိန်တွင် ဆီထွက်သီးနှံနှမ်းလျင်၊ ပင်ထောင်မြေပဲ များကို ဆောင်းသီနှံအဖြစ် သီးထပ်စိုက်ပျိုးခဲ့ကြသည်။

၂၀၂၃ ခုနှစ် စက်တင်ဘာ ဒုတိယပတ်တွင် ကြယ်လွဲမိုးရွာသွန်းသည့်အတွက် မြေပြုပြင်ကာ ဆီထွက်သီးနှံဖြစ်သော နှမ်းလျင်၊ ပင်ထောင်မြေပဲများကို သီးထပ်အဖြစ် စက်တင်ဘာ တတိယပတ်တွင် စိုက်ပျိုးကြရာ ဒီဇင်ဘာလ ဒုတိယပတ်မှစတင်၍ ပင်ထောင်မြေပဲများ နှုတ်သိမ်းနေပြီ ဖြစ်ကြောင်း ဈေးသာကျေးရွာ တောင်သူ ကိုကျော်မြင့်ထံက သိရသည်။

မူမူစန်း