သရက် ဒီဇင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းခန်းမတွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ အခမ်းအနားကို ယနေ့ နံနက် (၁၁)နာရီက ကျင်းပခဲ့သည်။
ဆက်လက်၍ သရက်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်ဆွေက လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံကို ပြောကြားရာမှာ လွတ်လပ်ရေးရပြီးသည့်နောက် နိုင်ငံသားတိုင်းက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အလေ့ထားဆောင်ရွက်ကြရန်လိုကြောင်းနှင့် မျိုးဆက်သစ် လူငယ် လူရွယ်များ မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲစေရန် ကကွယ်စောင့်ရှောက်တတ်သည့် နိုင်ငံချစ်စိတ်နှင့် စိတ်ဓာတ်ကောင်းများ မွေးမြူ၍ နိုင်ငံ့သားကောင်းများ ဖြစ်လာကြစေရန် ပြောကြားပေးခဲ့ပြီး မောင်မင်းသိမ်း(သရက်)က လွတ်လပ်ရေးနှင့် အမျိုးသားရေးစိတ်ဓာတ်ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှုကို ပြောကြားပေးခဲ့သည်။
ထို့နောက် ကျောင်းအုပ်ဆရာကြီး ဦးကီးအောင်ထန်းက နယ်စပ်ဒေသတိုင်းရင်းသားများ၏ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ယခုလိုသင်တန်းကျောင်း များကို မူဝါဒ (၄)ရပ်ချမှတ်ပြီး ရည်ရွယ်ချက် (၂)ချက်ဖြင့် ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်းနှင့် ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးခဲ့ပြီး သင်တန်းကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသားများက လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံ နံရံကပ်စာစောင်များအား လေ့လာကြည့်ရှုခဲ့ ကြောင်း သိရသည်။
ဇော်ထက်(သရက်)