သရက်မြို့၌ စက်လှေဆိပ်ရှိ မြေစိုက်တဲတစ်လုံး မီးလောင်မှုဖြစ်ပွား

သရက် ဒီဇင်ဘာ ၁၇

မကွေးတိုင်းဒေသကြီး၊ သရက်မြို့ဈေးရပ်ကွက်ရှိ စက်လှေဆိပ်တွင် ၁၆ ပေ × ၂၀ပေ သွပ်မိုး၊ ဝါးထရံကာ အဆောက်အဦတစ်လုံး ဒီဇင်ဘာ ၁၇ ရက် နံနက် (၀၂:၂၅) နာရီ အချိန်တွင် စက်လှေဆိပ်ရှိ အမှိုက်ပုံမှတဆင့် ကူးစက်မှုကြောင့် မီးလောင်ကျွမ်းမှုဖြစ်သဖြင့် ခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ စုစုပေါင်းအင်အား (၁၅)ဦးက မီးသတ်ရေယာဉ် (၂) စီးဖြင့် မီးငြိမ်းသတ်ခဲ့ရာ (၀၂:၃၀) နာရီအချိန်တွင် မီးညွှန့်ကျိုး၍ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှု ဖြစ်စဉ်ကြောင့် ဆိုင်ကယ်(၅)စီး၊ ၂၅ ကောင်တရုတ်အင်ဂျင်(၁)လုံးနှင့် လက်ဆွဲမီးစက် အသေး(၁)လုံး စုစုပေါင်းတန်ဖိုး (၁၆)သိန်းခန့် ဆုံးရှုံးခဲ့သည်။ မီးလောင်မှုဖြစ်ပွားမှုနှင့် ပတ်သက်၍ သရက်စက်လှေဆိပ်ဂိတ်တာဝန်ခံ ဦးမြင့်ဆွေ(ခ) ဦးပေါက်စအား ဥပဒေအရ အရေးယူဆောင်ရွက်ရန် သရက်မြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။ ဖြစ်စဉ်ကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)