မင်းလှမြို့၌ ကြွပ်ကြွပ်အိတ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးဆောင်ရွက်
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရန်နှင့် ကြွပ်ကြွပ်အိတ်အသုံးပြုမှုလျှော့ချရေး၊ ပလတ်စတစ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်နှင့် စက္ကူအိတ်များ အစားထိုးအသုံးပြုရေး အသိပညာပေး ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၈)နာရီက မင်းလှမြို့ ဇေယျာသီရိဈေးတွင် ဈေးရောင်းစျေးဝယ် ပြည်သူများအား လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်း၊ ဈေးရောင်းချသူ များအား ငှက်ပျောဖက်နှင့် အင်ဖက်များ ဖြန့်ဝေပေးခြင်း ဆောင်ရွက်ခဲ့သည်။