စလင်း ဒီဇင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် နွယ်တမယ်ကျေးရွာတွင် ယခုနှစ်ဆောင်းသီးနှံတစ်မျိုးဖြစ်သည့် စားဖိုချောင်သီးနှံ ပန်းမုံလာစိုက်ပျိုးရာ၌ မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးထားသော ဒေသထွက်ပန်းမုံလာများစိုက်ပျိုးဖြစ်ထွန်းပြီး စျေးကောင်းရရှိရန် မျှော်လင့်ကြောင်း ပန်းမုံလာစိုက် တောင်သူများထံမှသိရှိရသည်။
ပန်းမုံလာကို စလင်းချောင်းရေတက်ပြီး နှစ်စဥ်စိုက်ပျိုးကြောင်း ယခုနှစ်တွင်လဲ ပန်းမုံလာ(၁ဧကခွဲ)စိုက်ပျိုးထားရှိပြီး အရင်နှစ်ကပန်းမုံလာတစ်ပွင့်ကို ၁၀၀၀ ကျပ်၊ ၁၂၀၀ ကျပ်၊ ၁၅၀၀ ကျပ်မှ နောက်ပိုင်းပန်းမုံလာလှိုင်လှိုင်ပေါ်ချိန်တွင် ၆၀၀ ကျပ် ၇၀၀ ကျပ်အထိ ရောင်းချခဲ့ကြရကာ ယခုအချိန်တွင် ရှမ်းပြည်နယ်မှ တင်ပို့ထွက်ရှိရောင်းချရသောပန်းမုံလာများကို တစ်ပွင့်လျှင် ၁၂၀၀ ကျပ်ဖြင့် ဝယ်ယူစားသုံးကြကြောင်းသိရှိရ၍ မိမိတို့စိုက်ပျိုးထားရှိသော ပန်းမုံလာပင်များ အပွင့်ကလေးများထွက်ရှိလာပြီး အောင်မြင်ဖြစ်ထွန်း၍ ဆွတ်ခူးရောင်းချချိန်တွင် စျေးကောင်းရရှိရန်မျှော်လင့်ကြောင်း နွယ်တမယ်ကျေးရွာ ပန်းမုံလာစိုက်တောင်သူများပြောပြချက်အရ သိရသည်။
စလင်းမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံကိုအများအပြား စိုက်ပျိုးလျက်ရှိရာ၌ ပဲမျိုးစုံ၊ ဆီထွက်သီးနှံနှင့် အာလူးငရုပ်၊ ကြက်သွန်စားဖိုဆောင်သီးနှံများကို မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချသူ တောင်သူများပြောကြားချက်အရ သိရှိရသည်။
မောင်လွင်(စလင်း)