မကွေးတိုင်းဒေသကြီး

နတ်မောက်မြို့နယ် မြို့မဈေးကြီးတွင် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး ငှက်ပျောဖက်၊ အင်ဖက်များဝေငှခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေး

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ကြီးကြပ်ဦးဆောင်မှုဖြင့် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး ငှက်ပျော်ဖက်၊ အင်ဖက်များဝေငှခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းကို ယမန်နေ့နံနက်ပိုင်းအချိန်က မြို့မဈေးကြီးအတွင်း/အပြင်၌ လိုက်လံဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့သစ်၌ ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေးလုပ်ငန်းများ ပုံမှန်ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေးလုပ်ငန်းများ မြို့သစ်မြို့မစျေး၌ ယမန်နေ့ နံနက် ၇ နာရီက ဆောင်ရွက်ခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် စားသုံးဆီဖူလုံစေရန် ဆီထွက်သီးနှံမြေပဲအား သတ်မှတ်ဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် စားသုံးဆီဖူလုံပိုလျှံစေရန်နှင့် ဒေသခံတောင်သူများ သီးနှံဝင်ငွေ တိုးပွားစေရန်ရည်ရွယ်၍ ယခု ၂၀၂၃-၂၀၂၄ ခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံမြေပဲကို သတ်မှတ်ဧက အောင်မြင်စွာ စိုက်ပျိုးဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ထောပတ်ပဲသီးနှံ ၇၇၃၅ ဧကစိုက်ပျိုးပြီးစီး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံသီးနှံ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တောင်သူသီးနှံဝင်ငွေတိုးပွားစေရန်အတွက် ထောပတ်ပဲသီးနှံ ၇၇၃၅ ဧက စိုက်ပျိုးဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

သရက်မြို့၌ ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်

မကွေးတိုင်းဒေသကြီး သရက်မြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ် လျော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေး မြို့မဈေးအတွင်း ဈေးရောင်းဈေးဝယ်ပြည်သူများအား ပလတ်စတစ်ကြွတ်ကြွတ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက် စက္ကူအိတ်များအသုံးပြုနိုင်ရေး အသိပညာပေးခြင်း Campaign နှင့် အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်(၈:၃၀)နာရီက မြို့မဈေးအတွင်း ဆောင်ရွက်ခဲ့သည်။

ငဖဲမြို့နယ်၌ (၃၆)ကြိမ်မြောက် နာရီ(၁၂၀) အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ ပြည်သူအများဘေးရန်အန္တရာယ် ကင်းဝေးစေရန်အတွက် နှစ်စဉ်ကျင်းပပူဇော်ရွတ်ဖတ်မြဲဖြစ်သော (၃၆)ကြိမ်မြောက် နာရီ ၁၂၀ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို မြို့မရပ်ကွက်ဓာတ်တော်ဓမ္မာရုံ၌ ယမန်နေ့ ညနေ ၃ နာရီက စတင်ကျင်းပရာ ဆရာတော်၊ သံဃာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဓာတ်တော်ဓမ္မာရုံဂေါပကအဖွဲ့ဝင်များနှင့် ရပ်ကွက်များမှ ဝတ်အသင်းယောဂီများ တက်ရောက်ခဲ့ကြသည်။

‌ပွင့်ဖြူမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် သင်ရိုးသစ် Grade – 5 မြို့နယ်အဆင့် သင်တန်းဖွင့်လှစ်ပို့ချ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ပညာရေးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် သင်ရိုးသစ် (Grade – 5) မြို့နယ်အဆင့် သင်တန်းကို ဒီဇင်ဘာ ၂၃ ရက်နေ့မှ စတင်ကာ ပွင့်ဖြူမြို့၊ အခြေခံပညာ အထက်တန်းကျောင်း၌ ဖွင့်လှစ်သင်ကြားပေးလျက် ရှိကြောင်း ပွင့်ဖြူမြို့နယ်ပညာ ရေးမှူးရုံးမှ သိရသည်။

ပခုက္ကူမြို့၌ ဂေါက်ကွင်းမြေနှင့်သာသနာ့ဗိမာန်မြေတို့အား ရွှေချောင်းရေတိုက်စားမှုဒဏ်မှ ကာကွယ်နိုင်ရေးလုပ်ငန်းဆောင်ရွက်မှု ၄၅ရာခိုင်နှုန်းကျော် ပြီးစီး

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ဂေါက်ကွင်းမြေနှင့်သာသနာ့ဗိမာန်မြေတို့အား နှစ်စဉ်မိုးရာသီကာလများအတွင်း ရေကြီးရေလျှံမှုများနှင့်ရေတိုက်စားမှုဒဏ်မှ ကာကွယ်နိုင်ရန် ရည်ရွယ်၍ ကွန်ကရစ်ပိုင်အခြေပြု ကျောက်စီမြေထိန်းတံမံတည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်မှုကို ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၁၈ရက်နေ့မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၄၅ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

စလင်းမြို့နယ် သာစည်ကျေးရွာရှိ ကျေးလက်နေပြည်သူများ ထန်းပင်မြစ်စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ရွှေဘုံသာကျေးရွာအုပ်စု သာစည်ကျေးရွာတွင် ထန်းပင်မြစ်စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချခြင်းဖြင့် အဆင်ပြေလျက်ရှိကြောင်းကို သာစည်ကျေးရွာ ထန်းပင်မြစ်စိုက်ပျိုးရောင်းချသူများထံမှ သိရသည်။

စလင်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ပညာသင်နှစ် သင်ရိုးသစ် Grade-5 မြို့နယ်အဆင့်(နောက်ဆက်တွဲ)ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ပညာသင်နှစ် သင်ရိုးသစ် Grade-5 မြို့နယ်အဆင့်ဆင့်ပွားသင်တန်းကို ဒီဇင်ဘာ(၂၃)ရက်နေ့မှ စတင်၍ စလင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။
Subscribe to မကွေးတိုင်းဒေသကြီး