စေတုတ္တရာ ဇန်နဝါရီ ၁၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် စာပေမြတ်နိုးသူများအဖွဲ့တို့ ပူးပေါင်း၍ စာရေးဆရာကြီးမောင်ခင်မင်(ဓနုဖြူ) ရေးသားပြုစုထားသည် လူငယ်ပညာရပ်ဆိုင်ရာ စာစုဖြစ်သည် "အမွေခံတစ်ယောက်အမွေပေးသူတစ်ရာ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို မြို့နယ်လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းအိမွန်က မြို့နယ်တွင် Book Club အသင်း စာပေချစ်မြတ်နိုးသူများနှင့် ပြည်သူ့စာကြည့်တိုက် အသုံးပြုသူများဖြင့် ယခုကဲ့သို့ စာဖတ်ဝိုင်းပြုလုပ်ဆွေးနွေးခြင်းကြောင့် စာပေဗဟုသုတများတိုးပွားလာခြင်း၊ စာပေအမြင်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးနိုင်ခြင်း၊ အတွေးအခေါ် စာပေကဏ္ဍတိုးပွားလာမည်ဖြစ်ကြောင်း ယခုဆွေးနွေးမည်စာအုပ်သည် လူငယ်များအတွက် ဗဟုသုတရရှိစေမည့် စာအုပ်ဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် စာပေချစ်မြတ်နိုးသူများအဖွဲ့မှ ဒေါ်ဝင်းဝင်းတင့်က မောင်ခင်မင်(ဓနုဖြူ) ရေးသားသည် "အမွေခံတစ်ယောက်အမွေပေးသူတစ်ရာ" စာအုပ်တွင် ပါရှိသော အမှာစာတွင် ကျောင်းသားဘဝကို ဖြတ်သန်းခဲ့သော လူငယ်တစ်ဦးချင်းစီ၏ ဘဝခရီးလမ်းတွင် တင့်တင့်တယ်တယ် လျှောက်လှမ်းနိုင်ရန်အတွက် ပညာအမွေ၊ စိတ်ဓာတ်အမွေများ လက်ဆင့်ကမ်းပေးရုံမျှမက တစ်ကိုယ်ရေကျန်းမာရေးပြည့်စုံမှသည် ပတ်ဝန်းကျင်နှင့် သဟဇတဖြစ်အောင် နေထိုင်ဆက်ဆံတတ်နိုင်ဖို့အထိ ဘက်စုံပျိုးထောင်ပေးခဲ့သော လူငယ်နှင့်ပညာဆိုင်ရာစာစုဖြင့် ကိုယ်တွေ့ခံစားတင်ပြထားသော စာအုပ်ဖြစ်ကြောင်း အသေးစိတ်ဆွေးနွေးပြောကြာသည်။
အဆိုပါ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသော စာပေချစ်မြတ်နိုးသူများ book club အသင်းဝင်များမှ ၎င်းစာအုပ်၌ သူတို့ပြောသည်မြန်မာအကြောင်း၊ ပညာတတ်ဖို့ စာဖတ်ရမည်၊ လူငယ်များအတွက် ဇတကအစရှိသည် လူငယ်စာစုများကို အပြန်အလှန် ဆွေးနွေးပြောကြားခဲ့ကြသည်။
ဝင်းအိမွန်(ပြန်/ဆက်)