မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် အောင်မြင်ဇေယျရခိုင်စေတီတော်မြတ်ကြီး ပရဝဏ်အတွင်း အသံမစဲ ဥပ္ပါတသန္တိပါဠိတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားပိတ်ပွဲကို ယနေ့နံနက် (၁၀)နာရီက အဆိုပါဘုရားကြီးရှိ သန္တိတသုခဓမ္မာရုံကြီး၌ ကျင်းပရာ တောင်တွင်းကြီးမြို့နယ် ရှေ့ဟောင်းသမိုင်းဝင်ဇေယျမင်္ဂလာ ရွှေအင်းတောင်စေတီတော်မြတ်ကြီး၏ သြဝါဒစရိယ တိုင်းသံဃနာယကအကျိုးတော်ဆောင် ဆရာတော်၊ ငှက်ပစ်တောင်ကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာကမ္မဌာနစရိယ မဟာသဒ္ဓမဇောတိကဓဇ ဘဒ္ဒန္တစာရိတ္တအမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။